SJ WorldNews - шаблон joomla Авто

အငြင်းပွား နယ်စပ်ဒေသမှ တပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးရန် လာအိုနှင့် ကမောဒီးယား သဘောတူ

Sunday, 13 August 2017 11:33 font size decrease font size decrease font size increase font size increase font size

ဗီယန်ကျင်း၊ဖနွမ်းပင် သြဂုတ် ၁၂

လာအိုနိုင်ငံ အက်တာပူပြည်နယ်နှင့် ကမ္ဘောဒီးယားနိုင်ငံ စတန်ထရန်းပြည်နယ်တို့ အကြားရှိ နှစ်နိုင်ငံနယ်စပ် အငြင်းပွားနေသောဒေသမှ တပ်ဖွဲ့ဝင်များကို ဆုတ်ခွာပေးရန် လာအိုဝန်ကြီးချုပ် သောင်လွန်ဆီဆိုလီ နှင့်အလည်အပတ် ရောက်ရှိနေသော ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဆမ်ဒက်တီချိုဟွန်ဆန်တို့ ကသြဂုတ် ၁၂ ရက်တွင်သဘောတူလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါပိုင်နက် အငြင်းပွားဒေသရှိ တင်းမာမှုမြင့်တက်လာခြင်းနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်သော စစ်ဘက်အချင်းချင်း ထိပ်တိုက်ရင်ဆိုင်မှု အခြေအနေကို ထိန်းချုပ်ရန်အတွက် လာအိုနိုင်ငံ အနေဖြင့် ယင်းဒေသအတွင်းရှိ တပ်ဖွဲ့ဝင်များကို ဆုတ်ခွာပေးသွား ရန် ၎င်းနှင့်ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်တို့က သဘောတူကြောင်း လာအိုဝန်ကြီးချုပ်ကပြောသည်။

ယင်းဒေသရှိ သက်ဆိုင်ရာ တပ်ဖွဲ့ဝင်များ အားလုံး သြဂုတ် ၁၃ ရက်နံနက်ပိုင်းထက် နောက်မကျစေဘဲ ဆုတ်ခွာရန် ၎င်းကအမိန့် ပေးထားကြောင်း၊ ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း နှစ်နိုင်ငံ ပြည်သူများ၏ ယုံကြည်မှု ပြန်လည်ရှင်သန်စေ ရေးနှင့်တင်းမာမှုများ ပြေလျော့ ကာ ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေရန်အတွက် ထိန်းသိမ်း လုပ်ဆောင်သွားရန် က မ္ဘောဒီးယား တပ်ဖွဲ့ဝင်များကို အမိန့်ပေးထားကြောင်း လာအိုဝန်ကြီးချုပ် သောင်လွန်က ပြောသည်။

ထို့ပြင် နှစ်နိုင်ငံ နယ်စပ်ရေးရာ ကော်မတီများနှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနများ အနေဖြင့် အဆိုပါ နယ်စပ်အငြင်းပွားမှု နှင့်စပ်လျဉ်း၍ အဖြေများ ရရှိစေရန်အတွက် တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားရန် နှင့်နယ်နိမိတ် သတ်မှတ်ချက် အမှတ် အသားများကို အမြန်ဆုံး စိုက်ထူနိုင်ရေး လုပ်ဆောင်သွားရန် ဝန်ကြီးချုပ်နှစ်ဦးက သဘော တူကြောင်း သောင်လွန်က ပြောသည်ဟု သိရသည်။

ကမ္ဘောဒီးယား နယ်နိမိတ်အတွင်းရှိ လာအိုတပ်ဖွဲ့ဝင်များ ဆုတ်ခွာပေးမည့် သောင်လွန် ၏ဆုံးဖြတ်ချက်ကို ချီးမွမ်း ကြောင်းနှင့် ယင်းဆုံးဖြတ်ချက်သည် နှစ်နိုင်ငံအကြားတင်းမာမှုများကို ပြေလျော့စေကြောင်း ဝန်ကြီးချုပ် ဟွန်ဆန်က ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

Read 23 times Last modified on Sunday, 13 August 2017 11:37