SJ WorldNews - шаблон joomla Авто

ဗင်နီဇွဲလားကို လိုအပ်ပါက စစ်ရေးနည်းဖြင့် အရေးယူမည်ဟု ထရမ့်ဆို

Sunday, 13 August 2017 11:29 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်   သြဂုတ်   ၁၂

ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် စပ်လျဉ်း၍ လိုအပ်ပါက ယင်းနိုင်ငံအပေါ် စစ်ရေးနည်းဖြင့် အ ရေးယူမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။

ထရမ့်၏ ပြောဆိုမှုသည် ဗင်နီဇွဲလားသမ္မတ နီကိုလပ်မာဒူရိုက အမျိုးသားညီလာခံ (ANC) အသစ်ထပ်မံဖွဲ့စည်းမှုနှင့် စပ်လျဉ်း၍ အမေရိကန်နှင့် ဗင်နီဇွဲလားနိုင်ငံတို့အကြား တင်းမာမှုများ မြင့်တက်လာစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ဗင်နီဇွဲလား အစိုးရသည် အ ဆိုပါ အမျိုးသားညီလာခံကို ဇူလိုင် ၃ဝ ရက် ရွေးကောက်ပွဲပြီးနောက် ဖွဲ့စည်း လိုက်ခြင်း ဖြစ်ပြီး ရည်ရွယ်ချက်မှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ရန်နှင့် အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရန် ဖြစ်သည်ဟု သိရသည်။

ANC တွင် အမတ် ၅၄၅ ဦးပါဝင်ပြီး အစိုးရအဖွဲ့အစည်းများအားလုံးထက် လုပ်ပိုင်ခွင့် အာဏာရရှိမည်ဖြစ်သည်။ အဆို ပါအမျိုးသား ညီလာခံ အသစ်ဖွဲ့စည်းခြင်းကို ဗင်နီဇွဲလား အတိုက်အခံအဖွဲ့က ရှုတ်ချထားပြီး ဇူလိုင် ၃ဝ ရက် ရွေး ကောက်ပွဲသည် အာဏာရ ဆိုရှယ်လစ်ပါတီ၏ အုပ်ချုပ်မှုကိုသာ ခိုင်ခံ့စေမည်ဟုဆိုကာ ရွေးကောက်ပွဲ၌ ပါဝင်ရန် ငြင်းဆိုခဲ့သည်။ အမေရိကန် အစိုးရသည် ဗင်နီဇွဲလား အတိုက်အခံ ညွန့်ပေါင်းအဖွဲ့ကို ထောက်ခံလျက်ရှိပြီး အသစ်ဖွဲ့ စည်းလိုက်သည့် အမျိုးသား ညီလာခံသည် ဗင်နီဇွဲလား ပြည်သူများ၏ လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်ကို လျော့ပါးစေ သည်ဟုပြောထားကြောင်း သိရသည်။

ဗင်နီဇွဲလား၏ အမျိုးသား ညီလာခံအသစ် ဖွဲ့စည်းခြင်းကို မက္ကဆီကို၊ ကိုလံဘီယာ၊ ပနားမား၊ ပီရူးနှင့် အမေရိကန် ပြည်ထောင်စုတို့က အသိအမှတ်ပြုရန် ငြင်းဆိုထားသည်။ ထို့ပြင်ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေ အနေ များသည် ဒီမိုကရေစီစနစ် ပြိုလဲခြင်းဖြစ်သည်ဟု ဆိုကာ ပီရူးအစိုးရက လီမာမြို့တော်ရှိ ဗင်နီဇွဲလားသံအမတ်ကို ငါး ရက်အတွင်း နိုင်ငံမှ ထွက်ခွာရန် အမိန့်ပေးထားကြောင်း သိရသည်။

Read 47 times Last modified on Sunday, 13 August 2017 11:30