SJ WorldNews - шаблон joomla Авто

တောင်ဝင်ရိုးစွန်း ဒေသတွင် နှစ်ပေါင်း ၁ဝ၆ နှစ်သက်တမ်းရှိ သစ်သီးကိတ်ကို အကောင်းအတိုင်း တွေ့ရှိ

Sunday, 13 August 2017 11:25 font size decrease font size decrease font size increase font size increase font size

ဝယ်လင်တန်   သြဂုတ်  ၁၂

တောင်ဝင်ရိုးစွန်းဒေသ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့သည် အန္တာတိက တိုက်အရှေ့ပိုင်း ဗစ်တိုးရီး ယားဒေသ၏ အရှေ့မြောက်ဖျားစွန်းရှိ ကိပ်အဒ်ကျွန်းဆွယ်၌ နှစ်ပေါင်း ၁ဝ၆ နှစ်သက်တမ်းရှိ သစ်သီးကိတ်ကို အကောင်းအတိုင်း ရှာဖွေတွေ့ ရှိကြောင်း သိရသည်။

အဆိုပါ သစ်သီးကိတ်သည် Scott of the Antarctric ဟုကျော်ကြားသော ဗြိတိန်နိုင်ငံမှ စူးစမ်းလေ့လာသူ ရောဘတ် ဖယ်ကွန်စကော့၏ သစ်သီးကိတ်ဖြစ်ကြောင်း တောင်ဝင်ရိုး စွန်းဒေသ အမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့က ယူဆထားသည်။ သစ် သီးကိတ်ဘူးမှာ သံချေးတက်နေပြီဖြစ်သော်လည်း ကိတ်မှာမူ အခြေအနေကောင်းမွန်ပြီး အနံ့အရသာလည်း ကောင်းကြောင်း ၎င်းအဖွဲ့က ပြောသည်။

ထို့ပြင် နယူးဇီလန်နိုင်ငံ အခြေစိုက် ၎င်းအဖွဲ့သည် အဆိုပါ သစ်သီးကိတ်ကို ၁၈၉၉ ခုနှစ်တွင် နော်ဝေနိုင်ငံမှ စူးစမ်း လေ့လာသူ ကာစတန် ဘော့ချာရီဗင့်၏ အဖွဲ့တည်ထောင်ခဲ့သော သက်တမ်းရင့် တဲတစ်လုံးအတွင်းမှ ရှာဖွေတွေ့ရှိ ခြင်းဖြစ်ပြီး အဆိုပါတဲကို ၁၉၁၁ ခုနှစ်တွင် Terra Nova စူးစမ်းလေ့လာရေး ခရီးစဉ်အတွင်း အသုံးပြုခဲ့ခြင်းဖြစ်သည်။ ၎င်းသစ်သီးကိတ်ကို ဗြိတိန်ဘီစကွတ် ကုမ္ပဏီဖြစ်သော Huntley & Palmers ကုမ္ပဏီက ထုတ်လုပ်ခြင်းဖြစ်ကြောင်း တောင်ဝင်ရိုးစွန်းဒေသ စွန့်ဦးစူးစမ်း လေ့လာသူက ပြောသည်။

သစ်သီးကိတ်စားသုံးမှုမှာ အင်္ဂလိပ်ခေတ်တွင် ခေတ်စားခဲ့သော အရာဖြစ်ပြီး ယနေ့အချိန်အထိလည်း လူကြိုက်များ နေဆဲဖြစ်ကြောင်း အဆိုပါ အဖွဲ့မှမန်နေဂျာ လစ်ဇီမီးက Huntley & Palmers သတင်းဌာနသို့ ပြောသည်။ ၎င်းအဖွဲ့မှ ထိန်းသိမ်း စောင့်ရှောက်ရေး သမားများသည် ၂ဝ၁၆ ခုနှစ် မေလမှစတင်၍ တဲအတွင်းရှိ ရှေးဟောင်းပစ္စည်းများကို တူးဖော်ခဲ့ရာ ရှေးဟောင်းပစ္စည်း ၁၅ဝဝ ကို တူးဖော်တွေ့ရှိခဲ့သည်။ တွေ့ရှိသော ရှေးဟောင်း ပစ္စည်းများတွင် ကိရိယာ များ၊ အဝတ်အစားများ၊ ပုပ်သိုးနေသော အသားငါးများနှင့် ကောင်းမွန်နေဆဲဖြစ်သည့် ယိုဘူးများ ပါဝင်သည်။

Read 46 times Last modified on Sunday, 13 August 2017 11:26