SJ WorldNews - шаблон joomla Авто

မွမ်ဘိုင်းမြို့ရှိ ဘဏ်တစ်ခု၏ အာမခံ သေတ္တာများကို သူခိုးများက ဥမင်လိုဏ်ခေါင်း တူး၍ ဖောက်ထွင်းခိုးယူ

Wednesday, 15 November 2017 13:35 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ   နိုဝင်ဘာ   ၁၄

သူခိုးအဖွဲ့တစ်ဖွဲ့သည်  အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော မွမ်ဘိုင်းမြို့ရှိ ဘဏ်တစ်ခု၏ အာမခံသေတ္တာများ ထားရာ အခန်းအောက်ခြေအထိ ၇ ဒသမ ၆ မီတာ ရှည်သည့် ဥမင် လိုဏ်ခေါင်းတူး၍ ခိုးယူမှုဖြစ်ပွားကြောင်း ဒေသတွင်း သတင်းဌာနများက နိုဝင်ဘာ ၁၄ ရက်တွင် ဖော်ပြထားသည်။

သူခိုးများသည် နိုဝင်ဘာ ၁၂ ရက်နံနက် အစောပိုင်းတွင် နာဗီမွမ်ဘိုင်းမြို့အနီး ဂျူနီ နာဂါအရပ်ရှိ  ဘာရိုဒါဘဏ်ခွဲ တစ်ခုကို ဖောက်ထွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါသူခိုးအဖွဲ့သည် ထိုသို့ဖောက်ထွင်းမှုကို လုပ်ဆောင်ရန် အချိန်ငါးလကျော်ကြာ ပြင်ဆင်ခဲ့ကြောင်းသိရသည်။ရဲတပ်ဖွဲ့ကမူ ၎င်းတို့ကို အမှုဖွင့်ထားပြီး ကနဦး စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း   ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

ဘဏ်ဝန်ထမ်းတစ်ဦးသည် ဘဏ်ဖွင့်ရက်ဖြစ်သည့်  နိုဝင်ဘာ ၁၃ ရက်  တနင်္လာနေ့ နံနက်ပိုင်းတွင် ဘဏ်သို့ရောက်ရှိလာပြီး အာမခံသေတ္တာများ ထားရာအခန်းကို သွားရောက်စစ်ဆေးစဉ် ယင်း အာမခံသေတ္တာများ ပွင့်နေသည်ကို တွေ့ရခြင်းဖြစ်သည်။

ယခုအခါ  ရဲတပ်ဖွဲ့ဝင်များသည် ခိုးယူခံရသော ပစ္စည်းများ၏  တန်ဖိုးအတိအကျကို သိရှိနိုင်ရန်အတွက် တွက်ချက်စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်းနှင့် စီစီတီဗွီကင်မရာ များမှ ရိုက်ကူးထားသည့် သက်သေများကို လေ့လာလျက် ရှိကြောင်း သိရသည်။

Read 11 times Last modified on Wednesday, 15 November 2017 13:35