SJ WorldNews - шаблон joomla Авто

ဂျပန်စားသောက်ကုန်များ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းအား ဖယ်ရှားပေးရန် အာဆီယံ နိုင်ငံများကို ရှင်ဇိုအာဘေး တောင်းဆို

Wednesday, 15 November 2017 13:31 font size decrease font size decrease font size increase font size increase font size

မနီလာ   နိုဝင်ဘာ  ၁၄

ဂျပန်နိုင်ငံမှ စားသောက်ကုန်ပစ္စည်းများ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းကို  ဖယ်ရှားပေးရန် ဂျပန်ဝန်ကြီးချုပ်  ရှင်ဇိုအာဘေးက အာဆီယံနိုင်ငံများကို နိုဝင်ဘာ ၁၄ ရက်တွင် တောင်းဆိုသည်။

ဂျပန်နိုင်ငံ၌ ၂ဝ၁၁ ခုနှစ်တွင်  ငလျင် လှုပ်ခတ်ပြီးနောက် ဖူကူရှီးမားနျူကလီးယား စက်ရုံမှ    ဓာတ်ရောင်ခြည်များ ယိုဖိတ်ပြီးနောက်တွင် အာဆီယံနိုင်ငံများ အပါအဝင် ကမ္ဘာပေါ်ရှိ  နိုင်ငံအများအပြားက ဂျပန်စားသောက်ကုန် ပစ္စည်းအချို့ကို ၎င်းတို့၏ နိုင်ငံအတွင်းသို့ တင်သွင်းခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်။ သို့သော် နိုင်ငံအချို့ကမူ ၎င်းတို့၏ ပိတ်ဆို့မှုကို  မကြာသေးမီက ဖယ်ရှားပေးလိုက်ပြီဖြစ်သည်။

ယခုအခါ နျူကလီးယား မတော်တဆမှုဖြစ်ခဲ့သည်မှာ ခြောက်နှစ်ရှိပြီဖြစ်သောကြောင့် ဂျပန်စားသောက်ကုန်များ တင်သွင်းခွင့် ပိတ်ပင်ထားသည့် နိုင်ငံများအနေဖြင့် ပိတ်ဆို့မှုကို ဖယ်ရှားပေးရန် အာဘေးက တောင်းဆိုခြင်း ဖြစ်သည်။

မကြာသေးမီက ကျင်းပသည့် အာဆီယံအပေါင်း သုံးနိုင်ငံ အစည်းအဝေးများတွင်လည်း အာဘေးက အလားတူတောင်းဆိုမှုများကို   အကြိမ်ကြိမ် ပြုလုပ်ထားကြောင်း သိရသည်။

Read 9 times Last modified on Wednesday, 15 November 2017 13:32