SJ WorldNews - шаблон joomla Авто

ဂျပန်နိုင်ငံရှိ အမေရိကန် လေတပ်စခန်း တည်ဆောက်မည့် နေရာသို့ ဆောက်လုပ်ရေး ပစ္စည်းများ ပေးပို့မှုကြောင့် ဒေသခံများ၏ ကန့်ကွက်ဆန္ဒပြမှု မြင့်တက်

Wednesday, 15 November 2017 09:45 font size decrease font size decrease font size increase font size increase font size

တိုကျို  နိုဝင်ဘာ  ၁၄

ဂျပန်ဗဟိုအစိုးရသည် အိုကီနာဝါစီရင်စု တောင်ဘက်စွန်း၌ အမေရိကန်၏ လေတပ်စခန်း တည်ဆောက်ရန်အတွက် ခွဲထားပြီးသော ကျောက်တုံးများကို ရေကြောင်းမှတစ်ဆင့် နိုဝင်ဘာ ၁၄ ရက်တွင် စတင်ပို့ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

ဂျပန်နိုင်ငံတွင် အမေရိကန်လေတပ် အခြေစိုက်စခန်း တည်ဆောက်မည့် ကိစ္စနှင့် ပတ်သက်၍ အိုကီနာဝါဒေသခံများက ဆန့်ကျင်ဆန္ဒပြနေသည့်ကြားမှ ဗဟိုအစိုးရက ဆောက်လုပ်ရေးသုံး ပစ္စည်းများကို ပို့ဆောင်ခြင်းကြောင့် ဒေသခံများ၏ ဆန့်ကျင်ဆန္ဒပြမှု မြင့်တက်လာသည်။

အိုကီနာဝါစီရင်စုအတွင်း အမေရိကန်လေတပ်စခန်း တည်ဆောက်ခြင်းနှင့် အမေရိကန်တို့၏ စစ်အင်အား တောင့်တင်းစွာ တည်ရှိနေခြင်းသည် အိုကီနာဝါ ကျွန်းသူကျွန်းသားများကို ခွဲခြားဆက်ဆံနေ သည့် ပုံစံဖြစ်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး တာခယ်ရှီအိုနာဂါက အမေရိကန်သံအမတ် ဝီလျံဟာဂါကီအား နိုဝင်ဘာ ၁၃ ရက်တွင် ပြောဆိုပြီးနောက် ၎င်းဒေသသို့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ကျောက်တုံးများကို ပို့ဆောင်လိုက်ခြင်းဖြစ်သည်။ လေတပ်အခြေစိုက်စခန်း တည်ဆောက်မည့် ကိစ္စနှင့်ပတ်သက်၍ အိုကီနာဝါဒေသခံများ အပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ကိစ္စရပ်များကို လျှော့ချမည်ဟု ဟာဂါတီက ကတိပြု ပြောဆိုထားပြီး ကာကွယ်ရေးဝန်ကြီး အစ်ဆူနိုရီအိုနိုဒဲရာက ကျောက်တုံးများကို ရေကြောင်းမှ သယ်ယူခြင်းသည် သဘာဝပတ်ဝန်းကျင် အတွက် ပိုမိုကောင်းမွန်ကြောင်း ပြောသည်။

သို့သော် အိုနာဂါက ဆောက်လုပ်ရေးသုံး ပစ္စည်းများ ပို့ဆောင်ခြင်းကို ဒေသတွင်း အစိုးရနှင့် ဗဟိုအစိုးရအကြား သဘောတူညီမှု ရသည်အထိ ရပ်တန့်ထားရန် ကာကွယ်ရေး ဝန်ကြီးဌာနအား တောင်းဆိုလိုက်သည်။အဆိုပါကျောက်တုံးများကို နာဂိုမြို့ ဟီနိုကိုဒေသရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင် တောင်ဘက်ခြမ်းတွင် ရေတားနံရံ တည်ဆောက်ရာ၌ အသုံးပြုမည်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်နှင့် ဂျပန်တို့သည် ဂီနိုဝန်ဒေသ၌ အမေရိကန်ရေတပ်နှင့် လေတပ်စခန်းကို တည်ဆောက်ရန် သဘောတူစာချုပ် ချုပ်ဆိုပြီး ထိုဒေသအစား အိုကီနာဝါကျွန်းတွင် ပြောင်းလဲ တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

Read 13 times Last modified on Wednesday, 15 November 2017 09:46