SJ WorldNews - шаблон joomla Авто

အာရှတိုက် ခရီးစဉ်အတွင်း ကုန်သွယ်ရေး ကဏ္ဍအတွက် တစ်မူထူးခြားသော တိုးတက်မှုများ ဖော်ဆောင်နိုင်ခဲ့ဟု ထရမ့်ဆို

Tuesday, 14 November 2017 13:09 font size decrease font size decrease font size increase font size increase font size

မနီလာ  နိုဝင်ဘာ  ၁၃

အာရှတိုက်သို့ သွားရောက်သည့် အလည်အပတ် ခရီးစဉ်အတွင်း ကုန်သွယ်ရေးဆိုင်ရာ  ကိစ္စရပ်များတွင် တစ်မူထူးခြားသော တိုးတက်မှုများကို ဖော်ဆောင်နိုင်ခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၁၃ ရက် တွင် ပြောသည်။

သို့သော် ထရမ့်သည် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်နှင့် ဗီယက်နမ်သို့ သွားရောက်သည့် အလည်အပတ် ခရီးစဉ်အတွင်း ကုန်သွယ်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ရရှိလာသော အကျိုးအမြတ်များကိုမူ ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ထို့နောက်တွင် မြောက်ကိုရီးယားအရေး အပါအဝင် ခရီးစဉ်အတွင်း ချုပ်ဆိုခဲ့သော ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်များနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၅ ရက်တွင် အိမ်ဖြူတော်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်မည်ဖြစ်ကြောင်း ထရမ့်က အရှေ့တောင်အာရှနှင့် အရှေ့အာရှနိုင်ငံများမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည့် ထိပ်သီးဆွေးနွေးပွဲ၏ ဘေးပန်းဆွေးနွေးပွဲတွင် သတင်းထောက်များအား ပြောသည်။

ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၌ ထရမ့်နှင့် ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ခေါင်းဆောင်များသည် မမျှတသော ကုန်သွယ်ရေး အလေ့အထများနှင့် ဈေးကွက်ကို ပျက်စီးစေသော ထောက်ပံ့ငွေများနှင့်ပတ်သက်၍ ဆွေးနွေးရန် သဘောတူခဲ့သည်။

ထရမ့်၏အမေရိကန် ဦးစားပေးအမြင်သည် နိုင်ငံတကာကုန်သွယ်ရေး ဆိုင်ရာ သဘောတူစာချုပ်များအပေါ် ဆိုးကျိုးများဖြစ်စေခဲ့သည်။

ပစိဖိတ်ဖြတ်ကျော် ကုန်သွယ်ရေး သဘောတူ စာချုပ်မှ ထရမ့်နုတ်ထွက်သော်လည်း အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံက ယင်းသဘောတူစာချုပ်ကို အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဗီယက်နမ်ဆွေးနွေးပွဲ၏ ဘေးပန်းဆွေးနွေးပွဲတွင် ပြောဆိုထား သည်ဟု သိရသည်။

Read 14 times Last modified on Tuesday, 14 November 2017 13:11