SJ WorldNews - шаблон joomla Авто

အိန္ဒိယနိုင်ငံ တောင်ပိုင်း၌ လှေတိမ်းမှောက်မှု ဖြစ်ပွား ၊ သေဆုံးသူ ၁၉ ဦးအထိမြင့်တက်

Tuesday, 14 November 2017 13:02 font size decrease font size decrease font size increase font size increase font size

နယူးဒေလီ  နိုဝင်ဘာ ၁၃

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ပြည်နယ်၌ နိုဝင်ဘာ ၁၂ ရက်တွင်ဖြစ်ပွားသည့် လှေတိမ်းမှောက်မှုကြောင့် သေဆုံးသူ ၁၉ ဦးအထိ မြင့်တက်လာကြောင်းနှင့် ပျောက်ဆုံးနေသူများကို    ကယ်ဆယ်ရေးအဖွဲ့က ရှာဖွေလျက်ရှိကြောင်း    တာဝန်ရှိသူများကနိုဝင်ဘာ ၁၃ ရက်တွင် ပြောသည်။

အဆိုပါလှေတိမ်းမှောက်မှုသည် အန်ဒရာပရာဒက်ပြည်နယ်၏ အမရာဗာတီမြို့ အရှေ့ဘက် ၅၅ ကီလိုမီတာအကွာ ခရစ်ရှနာခရိုင် ခရစ်ရှနာမြစ်အတွင်း၌ ဖြစ်ပွားခြင်းဖြစ်သည်။

မတော်တဆဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့နှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး တာဝန်ရှိသူများက ယင်းနေရာသို့ ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။

လှေမတော်တဆမှုအတွင်း ပျောက်ဆုံးနေသူများကို ရှာဖွေရန် ရေငုပ်သမားအဖွဲ့ လေးဖွဲ့နှင့်အတူ နိုဝင်ဘာ ၁၂ ရက်မှစ၍ ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့က သတင်းထောက်များအား ပြောသည်။

မျက်မြင်သက်သေများ၏ ပြောဆိုချက်အရ လှေတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ပင်လယ်အတွင်းရှိ ဒေသတွင်း ငါးဖမ်းသမားများက လူ ၂ဝ ကို ကယ်ဆယ်လိုက်နိုင်ကြောင်း သိရသည်။

နိုင်ငံခြားခရီးသွားများ လိုက်ပါလာသည့် အဆိုပါလှေသည် နိုင်ငံ၏ ရိုးရာဓလေ့တစ်ခုဖြစ်သော ကြီးကျယ်ခမ်းနားသည့် မဟာ ဟာရသီကို ကြည့်ရှုရန် ဦးတည်သွားနေခြင်း ဖြစ်ကြောင်း သိရသည်။   

Read 4 times Last modified on Tuesday, 14 November 2017 13:03