SJ WorldNews - шаблон joomla Авто

ငွေကြေး အားနည်းချက်များက ကမ္ဘာ့စီးပွားရေး နာလန်ထူလာမှုကို လမ်းကြောင်းပြောင်းလဲစေနိုင်ဟု IMF သတိပေး

Friday, 13 October 2017 12:19 font size decrease font size decrease font size increase font size increase font size

ကမ္ဘာ့ စီးပွားရေးသည် တည်ငြိမ်မှု ရှိသော်လည်း မြင့်တက်လာသည့် ငွေကြေး အားနည်းချက်များက ကာလ ရှည်ကြာ စောင့်ဆိုင်း ခဲ့ရ သည့် ကမ္ဘာ့စီးပွားရေးနာလန်ထူလာမှုကို လမ်းကြောင်းပြောင်းလဲ စေနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေးရန် ပုံငွေအဖွဲ့ IMF က သတိပေး လိုက်သည်။

ကမ္ဘာ့ နိုင်ငံများ၏  မူဝါဒ ပြောင်းလဲမှု၊ တိုးမြင့်လာသည့် ဘဏ္ဍာရေး ဆိုင်ရာ စည်းကမ်း ထိန်းသိမ်းမှု တို့ကြောင့် ကမ္ဘာ့စီးပွားရေး စနစ် ဆက်လက် ခိုင်မာနေခြင်း ဖြစ်ကြောင်း IMF ကထုတ်ပြန်သည့် ကမ္ဘာ့ဘဏ္ဍာရေးတည် ငြိမ်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့ရာတွင် ငွေကြေး ဖောင်းပွမှုမြင့်တက် လာခြင်းနှင့် ဘဏ် အတိုးနှုန်းများ ရုတ်တရက် မြင့်တက်လာခြင်းတို့က ကမ္ဘာ့နိုင်ငံများရှိ ဈေးကွက်များ၏ တည်ငြိမ်မှုကို ကမောက်ကမ ဖြစ်စေနိုင်သည်ဟု ယင်းအဖွဲ့က ထောက်ပြ ထား သည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာပေါ်ရှိ စီးပွားရေး အတော်အတန် တောင့်တင်းသည့် နိုင်ငံများတွင် ကြွေးမြီ ပြဿနာများ မြင့်တက်လာလျက်ရှိပြီး G 20 အဖွဲ့ဝင် နိုင်ငံများရှိ အစိုးရ၊ အိမ်ထောင်စုနှင့် ကုမ္ပဏီများ စသော ဘဏ္ဍာရေး အဖွဲ့အစည်းများ မဟုတ်သည့် အဖွဲ့အစည်းများ၏  ကြွေးမြီပမာဏမှာ ဒေါ်လာ ၁၃၅ ထရီလီယံ ရှိသည်။

ထို့ကြောင့် ဈေးကွက်တည်ငြိမ်မှုများ ပျက်ပြားလာမည်ဆိုပါက ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် ကြီးမားသည့် ဆုံးရှုံး မှုများနှင့် ရင်ဆိုင် ရဖွယ်ရှိသည့်အတွက် နိုင်ငံအများအပြားရှိ မူဝါဒချမှတ်သူများ အနေဖြင့် ငွေကြေး အားနည်း ချက်များကို ထိန်းချုပ်နိုင်မည့် မူဝါဒများ တိုးမြှင့်ချမှတ် သင့်ကြောင်း IMF က ထောက်ပြထားသည်။ ကမ္ဘာ့ နိုင်ငံများရှိ အဓိက ဗဟိုဘဏ်ကြီးများအနေဖြင့်  ဈေးကွက် တည်ငြိမ်မှုပျက်ပြားခြင်းကို ရှောင်ရှားနိုင်ရေး အတွက် ၎င်းတို့၏ ငွေကြေးဆိုင်ရာမူဝါဒများကို အသေးစိတ်ရှင်းလင်းသင့်ပြီး ဘဏ္ဍာရေးဆိုင်ရာ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ အစည်းများ အနေဖြင့်လည်း ဈေးကွက်အပေါ် ကျရောက် လာနိုင်သည့် အန္တရာယ်ကို လျှော့ချနိုင်မည့် မူဝါဒများ တိုးမြှင့်ချမှတ် သင့်ကြောင်း IMF က ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

Read 3 times Last modified on Friday, 13 October 2017 12:20