SJ WorldNews - шаблон joomla Авто

အခြေခံ အဆောက်အအုံ စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန် အိုင်ယာလန် ကုမ္ပဏီများကို ဖိလစ်ပိုင် တိုက်တွန်း

Friday, 13 October 2017 12:17 font size decrease font size decrease font size increase font size increase font size

ဖိလစ်ပိုင် နိုင်ငံတွင် ဒူတာတေ အစိုးရက အကောင်အထည် ဖော်နေသည့် အခြေခံ အဆောက်အအုံ စီမံကိန်းတွင် ပူးပေါင်းပါဝင်ရန်  အိုင်ယာလန် ကုမ္ပဏီ များကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး အာလန်ပီတာကာယက်တာနိုက  တိုက်တွန်းလိုက်သည်။

ကာယက်တာနိုသည် အိုင်ယာလန် နိုင်ငံခြားရေး ဝန်ကြီး ဆိုင်မွန်ကိုဗနီနှင့် အမေရိကန် ပြည်ထောင်စု နယူး ယောက် မြို့၌ ကျင်းပသည့်

(၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ဘေးပန်း ဆွေးနွေးပွဲတွင် တွေ့ဆုံ၍ ဖိလစ်ပိုင်အစိုးရက လက်ရှိ ဖော်ဆောင်နေသည့် Build, Build, Build စီမံကိန်း၌ အိုင်ယာလန်ကုမ္ပဏီများ ပူးပေါင်းပါဝင်ရန် တိုက် တွန်းလိုက်ခြင်းဖြစ်သည်။

ထို့ပြင် နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေး ဝန်ကြီးများသည် ဖိလစ်ပိုင်တွင် လာရောက်ရင်းနှီးမြှုပ်နှံမည့် အိုင်ယာလန် ကုမ္ပဏီများအတွက် ရရှိနိုင်မည့် စီးပွားရေးအခွင့် အလမ်းများနှင့် စပ်လျဉ်း၍လည်း  ဆွေးနွေး ကြသည်။

ဖိလစ်ပိုင်နှင့်အိုင်ယာလန်တို့အကြား ပူးပေါင်းလုပ်ဆောင်ရေးကို အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ စလုံးက မျှော်လင့် နေကြောင်း ကာယက်တာနိုကဆိုသည်။

အိုင်ယာလန်နိုင်ငံသည် နိုင်ငံအတွင်းရှိ လူဦးရေ ၄ ဒသမ ၇၇ သန်းသုံးစွဲနိုင်မည့် ပမာဏထက် ၁ဝ ဆခန့်ပိုမို များပြားသည့် စားသောက်ကုန်များကို ထုတ်လုပ်လျက်ရှိသောကြောင့် အဆိုပါ ကုန်ပစ္စည်းများကို ပြည်ပ ဈေးကွက် သို့  တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထို့အတူ ဥရောပ သမဂ္ဂမှ ဗြိတိန်နုတ်ထွက် ပြီးချိန်တွင် အိုင်ယာလန်သည် ယင်းအဖွဲ့ အတွင်း အင်္ဂလိပ်ဘာသာ စကား ပြောဆိုသည့် တစ်ခုတည်းသော နိုင်ငံဖြစ်လာမည် ဖြစ်သောကြောင့် ဖိလစ်ပိုင်အနေဖြင့် ယင်းနိုင်ငံမှ တစ်ဆင့် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အတွင်းသို့ ထိုးဖောက်နိုင်ခွင့် ရရှိလာမည်ဖြစ်သည်။

...........

Read 2 times Last modified on Friday, 13 October 2017 12:19