SJ WorldNews - шаблон joomla Авто

ဗီယက်နမ် မြောက်ပိုင်းနှင့် အလယ်ပိုင်းတွင် ရေကြီးမှုနှင့်မြေပြိုမှုများ ဖြစ်ပွား၊ ၃၇ ဦးသေဆုံးပြီး ၄ဝ ပျောက်ဆုံး

Friday, 13 October 2017 12:04 font size decrease font size decrease font size increase font size increase font size

ဟနွိုင်း   အောက်တိုဘာ  ၁၂

ဗီယက်နမ် မြောက်ပိုင်းနှင့် အလယ်ပိုင်း တို့တွင် ပြီးခဲ့သည့် လေးရက်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုနှင့် မြေပြိုမှု များဖြစ်ပွားရာ လူ ၃၇ဦး သေဆုံးပြီး ၄ဝ ပျောက်ဆုံးလျက်ရှိကြောင်း သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဆိုင်ရာ ဗဟိုဦးစီး ကော်မတီက  အောက်တိုဘာ  ၁၂ ရက်တွင် ထုတ်ပြန်သည်။

ရေကြီးမှုနှင့် မြေပြိုမှုများအတွင်း လူ ၂၁ဦး ဒဏ်ရာရရှိပြီး လူနေအိမ် ၁၆၇ဝဝ ကျော်နစ်မြုပ်ကာ တမံနှစ်ခုပျက်စီး သွားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးမြေ ဟက်တာ အများအပြားပျက်စီးသွားပြီး ကျွဲ၊နွား အကောင်ရေ ၁၂ဝဝ ခန့်နှင့် ကြက်၊  ဘဲ အကောင်ရေ ၄ဝဝဝဝ ခန့်မှာ သေဆုံးသွားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ဒေသတွင်းရှိ အဓိကလမ်းမ ကြီးတစ်လျှောက်တွင်လည်း မြေပြိုမှုများဖြစ် ပွားသည်။ သေဆုံးသူများ အနက် ၁၁ ဦးမှာ ဟွာဘင်းပြည်နယ် မှဖြစ်ပြီး အလယ်ပိုင်း ငဲအန်းပြည်နယ်နှင့် သန်းဟွာတို့တွင် လူရှစ်ဦးစီ သေ ဆုံးကာ မြောက်ပိုင်းရှိ ဆုန်လာ ပြည်နယ်တွင် ငါးဦး၊ ယန်ဘိုင်ပြည်နယ်တွင် လေးဦးနှင့် ဟနွိုင်း မြို့တော်တွင် တစ်ဦး သေဆုံးကြောင်း သိရသည်။

ပျောက်ဆုံး နေသူများမှာ ဆုန်လာ၊ ယန်ဘိုင်၊ ဟွာဘင်း၊ သန်းဟွာပြည်နယ်နှင့် အလယ်ပိုင်းရှိ ထရိုင်ပြည်နယ် တို့မှ ဖြစ်သည်။ ကယ်ဆယ်ရေး အဖွဲ့များသည် သေဆုံးသူများ၏ ရုပ်အလောင်း ရှစ်လောင်းကို ပြန်လည် ဆယ်ယူ နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေလျက်ရှိကြောင်း ဗဟိုဦးစီး ကော်မတီကပြောသည်။   

.........

Read 17 times Last modified on Friday, 13 October 2017 12:17