SJ WorldNews - шаблон joomla Авто

ခွဲထွက်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရေး အတွက် ကာတာလန် ခေါင်းဆောင်များကို စပိန်က အချိန်ရှစ်ရက်ပေး

Friday, 13 October 2017 12:04 font size decrease font size decrease font size increase font size increase font size

မက်ဒရစ် အောက်တိုဘာ ၁၂

စပိန်နိုင်ငံမှ ခွဲထွက်ရန် ကြိုးပမ်းမှုကို ရပ်တန့်ရေးအတွက် ကာတာလန် ခေါင်းဆောင်များကို စပိန်ဝန်ကြီးချုပ် မာရီယာ နိုရာဂျွိုင်းက အချိန်ရှစ်ရက် ပေးလိုက်ကြောင်း သိရသည်။

ကာတာလိုနီးယား ဒေသအနေဖြင့် စပိန်မှ ခွဲထွက်ရန်ကြိုးပမ်းမှုကို ရပ်တန့်ရေးအတွက် ရှစ်ရက်အတွင်း လုပ် ဆောင်ရ မည်ဖြစ်ပြီး ရပ်တန့်ရန် ပျက်ကွက်ခဲ့ပါက စပိန်ဗဟိုအစိုးရ အနေဖြင့် ယင်းဒေသအား ပေးအပ်ထား သည့် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အဆင့်အတန်းကို ဆိုင်းငံ့ လိုက်မည်ဖြစ်ကြောင်း ရာဂျွိုင်းက အောက် တိုဘာ ၁၁ ရက်တွင် ရုပ်သံမှတစ်ဆင့် နိုင်ငံသို့ ပြောသောမိန့်ခွန်းတွင်ပြောသည်။ ၎င်း၏ ပြောဆိုချက်သည် အစိုးရအဖွဲ့အစည်းအဝေး ကျင်းပပြီး နောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

စပိန်ဗဟိုအစိုးရ အနေဖြင့် ယခုကဲ့သို့ ဖိအားပေးခြင်းသည် ကာတာ လိုနီးယားဒေသ အား နိုင်ငံတစ်နိုင်ငံအဖြစ် ခွဲထွက် ရေးကို ရှေ့တိုးလုပ်ဆောင်ရန်  ဖိအားပေးခြင်းသာဖြစ်ကြောင်း ကာတာလန် အာဏာပိုင်အဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဂျော်ဒီတူရူးက အစော ပိုင်းတွင် တုံ့ပြန်ထားသည်။

ခွဲထွက်ရေးသည် ပိုမိုနက်ရှိုင်း လာနေစဉ် စပိန်အစိုးရ အနေဖြင့် ကာတာလန်ဒေသမှ အစိုးရကို ဖြုတ်ချနိုင်မည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ အပိုဒ်ခွဲ ၁၅၅ကို အသက်သွင်းပြီးနောက် နိုင်ငံအတွင်း ကြားဖြတ်ရွေးကောက်ပွဲ တစ်ရပ် ကို ကျင်းပရန် စီစဉ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

အကယ်၍ အစိုးရ အနေဖြင့် ယင်းအပိုဒ်ခွဲ ၁၅၅ ကို အသက်သွင်းမည်ဆိုပါက ထောက်ခံ မည်ဖြစ်ကြောင်း အဓိက အတိုက် အခံပါတီကြီး ဖြစ်သည့် စပိန်ဆိုရှယ်လစ်ပါတီ အကြီးအကဲ က ပြောသည်။ ယင်းနောက်တွင် ကာတာလို နီးယား ဒေသအနေဖြင့် စပိန်နိုင်ငံအတွင်း ပိုမိုကောင်းမွန်စွာ ပြန်လည်ပေါင်းစည်းနိုင်ရေး အဖြေရှာရန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ခြောက်လအတွင်း   ပြင်ဆင်ရေးကိုလည်း သဘောတူထားသည်။    

 

Read 18 times Last modified on Friday, 13 October 2017 12:04