SJ WorldNews - шаблон joomla Авто

သမ္မတ၏ မူးယစ်ဆေးဝါး နှိမ်နင်းမှုကို ရပ်တန့်ပေးရန် ဖိလစ်ပိုင်ရှေ့နေ အဖွဲ့ တစ်ဖွဲ့က တရားရုံးချုပ်ကို တောင်းဆို

Thursday, 12 October 2017 13:56 font size decrease font size decrease font size increase font size increase font size

မနီလာ  အောက်တိုဘာ  ၁၁

ရဲတပ်ဖွဲ့ ဝင်များ၏ သတ်ဖြတ်မှုကြောင့် လူအများအပြားသေဆုံးပြီး တရားဥပဒေနှင့် ကိုက်ညီမှု မရှိသည့် သမ္မတ ဒူတာတေ၏ သွေးစွန်းနေသော မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းကို ရပ်တန့်ပေးရန် ဖိလစ်ပိုင်ရှေ့နေ အဖွဲ့တစ်ဖွဲ့က တရားရုံးချုပ်ကို တရားဝင် တောင်းဆို လိုက်ကြောင်း သိရသည်။

၁၅ လကြာ မူးယစ်ဆေးဝါးနှိမ်နင်းရေး တွင် သမ္မတ ဒူတာတေသည် အထောက် အထားမရှိဘဲ သံသယရှိသည့် မူးယစ် ဆေးဝါး သုံးစွဲသူများနှင့် ရောင်းဝယ်သူများကို ဘက်မလိုက်ဘဲ အသေပစ် သတ်ရန် ရဲတပ်ဖွဲ့ဝင် များအား အမိန့်ပေး ခဲ့ကြောင်း ရှေ့နေများက ပြောသည်။

မူးယစ်ဆေးဝါး သုံးစွဲသူများကို စာရင်းပြုစုခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲမှုကို တွေ့ရှိပါက သတင်းပေးပို့ရန် တိုက်တွန်းမှု တို့သည် လူသေဆုံးမှုကို ပိုမိုဖြစ်ပေါ်စေကြောင်း တောင်းဆိုလွှာအရ သိရသည်။ ထို့ပြင် မူးယစ် ဆေးဝါး နှိမ်နင်းမှုတွင် ရဲတပ်ဖွဲ့များကြောင့် ဖိလစ်ပိုင် နိုင်ငံသားများစွာ သေဆုံးမှုအား တရားဥပဒေဖြင့်  ဝင်ရောက် ဖြေရှင်း ပေးရန်လည်း တောင်းဆိုထားသည်။

အစိုးရ၏ လက်ရှိပြုလုပ် နေသော မူးယစ် ဆေးဝါးနှိမ်နင်းမှု ဆိုင်ရာပြစ်မှုနှင့် အကျင့်ပျက် ခြစားမှုတို့ကို   ရပ်တန့် ပေးရန် တို့ကိုလည်း တောင်းဆို ထားကြောင်း လွတ်လပ်သော တရားဥပဒေဆိုင်ရာ အထောက်အပံ့ ပေးရေး အဖွဲ့ ဥက္ကဋ္ဌ ဟိုဆေး မန်နျူယယ် ဒိုင်အော့နိုက သတင်းဌာနသို့ ပြောသည်။

သမ္မတ ဒူတာတေ၏ မူးယစ်ဆေးဝါး နှိမ်နင်းမှုကြောင့် လူများစွာ သေဆုံးသည့် အနက် အများစုသည် ဆင်းရဲ သားများ ဖြစ်ကြောင်း သိရသည်။        

Read 33 times Last modified on Thursday, 12 October 2017 13:57