SJ WorldNews - шаблон joomla Авто

တောင်တရုတ် ပင်လယ် အတွင်းရှိ တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟု ပြောထားသော ကျွန်းများအနီး အမေရိကန်ဖျက် သင်္ဘော တစ်စင်းဖြတ်သန်း

Thursday, 12 October 2017 13:55 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်   အောက်တိုဘာ   ၁၁

ပိုင်နက်အငြင်းပွား တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟု အတိအလင်းကြေညာ ထားသော ကျွန်းများ အနီးမှ အမေရိကန်ဖျက် သင်္ဘောတစ်စင်း ဖြတ်သန်း သွားလာကြောင်း  အမေရိကန် တာဝန်ရှိသူ သုံးဦးက အောက်တိုဘာ ၁ဝ ရက်တွင် Reuters သတင်းဌာနသို့ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက မြောက်ကိုရီးယား၏ ဒုံးကျည်နှင့် နျူကလီးယားအ စီအစဉ်များနှင့် ပတ်သက်၍ တရုတ် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန်ကြိုးပမ်းနေစဉ် အဆိုပါ အငြင်းပွားဖွယ် ရေတပ်သင်္ဘော ဖြတ်သန်းမှု ပေါ်ပေါက် လာခြင်းဖြစ်သည်။

အမေရိကန်၏ အဆိုပါ လုပ်ဆောင်ချက်သည်  မဟာဗျူဟာကျသော ပင်လယ်ပြင် အတွင်း လွတ်လပ်စွာ ရေကြောင်း သွားလာခွင့် ကိုကန့်သတ်ရန်ကြိုးပမ်းလာသည့် တရုတ်အစိုးရ၏ လုပ်ဆောင်ချက်များကိုတုံ့ပြန်သည့်  အနေဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။

ပိုင်နက်အငြင်းပွားနေသော တောင်တရုတ် ပင်လယ်အတွင်းရှိ ပါရာဆဲ ကျွန်းစုအနီးမှ အမေရိကန်၏ ပဲ့ထိန်းဒုံး ကျည်တင် ဖျက်သင်္ဘော ချာဖီးသည် ပုံမှန်ပြုလုပ်နေကျဖြစ်သော ရေကြောင်းသွားလာမှုကို လုပ်ဆောင် ခြင်းသာ ဖြစ်သည်ဟု အမည်မဖော်လိုသူ အမေရိကန်တာဝန်ရှိသူများက အတည်ပြုပြောသည်။

သို့သော်ပြီးခဲ့သည့် သြဂုတ်လတွင် အမေရိကန်ရေတပ် သင်္ဘောတစ်စင်းက တရုတ် နိုင်ငံ၏ လူလုပ်ကျွန်းတုအနီး ရေမိုင် ၁၂မိုင် အကွာမှ သွားလာခြင်းကဲ့သို့ မဟုတ်ကြောင်း၊ ယခုပြုလုပ်သည့် ရေကြောင်း သွားလာမှုမှာ တရုတ်ပိုင်နက်နှင့် နီးစပ်သော်လည်း ရန်စကျူးကျော်သည်ဟု သတ်မှတ်နိုင်သော အတိုင်း အတာအတွင်း မရှိ ကြောင်း အဆိုပါအရာရှိများက ပြောသည်။

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်သည် လာမည့်လတွင် တရုတ်နိုင်ငံအပါအဝင် အာရှ ဒေသသို့ ပထမဆုံးအကြိမ် အလည်အပတ် လာမည်ဖြစ်ပြီး မြောက်ကိုရီးယား နှင့်စီးပွားရေးအရ မဟာမိတ်ဖြစ်သော တရုတ်အနေဖြင့် မြောက်ကိုရီးယား အပေါ် ဖိအားပေးမှုများ လုပ်ဆောင်ရန် တောင်းဆိုသွားဖွယ် ရှိကြောင်း သိရသည်။                      

Read 25 times Last modified on Thursday, 12 October 2017 13:56