SJ WorldNews - шаблон joomla Авто

ဖိလစ်ပိုင်တွင် ရေလွှမ်းမိုးပြီးမြေပြိုမှုကြောင့် လေးဦးသေဆုံး

Wednesday, 13 September 2017 10:08 font size decrease font size decrease font size increase font size increase font size

မနီလာ  စက်တင်ဘာ  ၁၂

စက်တင်ဘာ ၁၁ ရက်ညပိုင်းမှစ၍ ဖိလစ် ပိုင်နိုင်ငံ အတွင်းရှိ လူဇွန်ကျွန်းသို့ ဝင်ရောက်သည့် မုန် တိုင်းကြောင့်   မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားရာ ဆယ်ကျော်သက် လေးဦး သေ ဆုံးသွားကြောင်း 

ဖိလစ်ပိုင်သဘာဝဘေးအန္တရာယ်အေဂျင်စီက စက်တင်ဘာ ၁၂ ရက် တွင်ပြောသည်။စက်တင်ဘာ ၁၂ ရက် နံနက်အစောပိုင်း တွင်ဖြစ်ပွားသည့် မြေပြိုကျမှုကြောင့် အသက် ၁၇ နှစ်နှင့် အသက် ၁၄ နှစ်ရှိ ညီအစ်ကိုနှစ်ဦး ၏နေ အိမ်မှာ  အဝေးသို့ လွင့်စဉ်သွားသည့် အတွက် ၎င်းတို့ နှစ်ဦး စလုံးသေဆုံးခြင်းဖြစ်ကြောင်း အမျိုးသား သဘာဝဘေး အန္တရာယ် လျော့ပါး ရေးနှင့်စီ မံခန့်ခွဲရေးကောင်စီမှ ပြော ရေးဆိုခွင့်ရှိသူ မီမာမာရာဆီဂန်က သ တင်းစာ ရှင်းလင်းပွဲ တွင်ပြောသည်။

အစိုးရ  ကယ်ဆယ်ရေးအဖွဲ့များသည် ရေလွှမ်းမိုးခံရဖွယ်ရှိသည့် နိုင်ငံတောင်ပိုင်း လာဂူနာ၊ဘာတန် ဂက်နှင့် ကွီဇွန်ပြည်နယ် တို့ရှိ ကျေးရွာများမှဒေသခံများကို ဘေးကင်း ရာသို့ ရွှေ့ပြောင်း ပေးထားပြီးဖြစ်ကြောင်း သိရ သည်။

ထို့ပြင် ကွီဇွန်ပြည်နယ်ရှိ အဝေးပြေးလမ်းမ အပေါ်၌ ရေလွှမ်းမိုးမှုကြောင့် စက်ရပ်သွား သည့် ခရီးသည် ၂၄ ဦးလိုက်ပါလာသော ဘတ်စကားတစ်စီးနှင့် ကိုယ်ပိုင်ကားတစ်စီး တို့ကိုလည်း ကယ်ဆယ်ပေးပြီးဖြစ်ကြောင်း မာရာဆီဂန်ကပြောသည်။လူဇွန်ကျွန်းသို့ အပူပိုင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံအတွင်းရှိဒေသအများစု၌ ခရီး သည် တင်ကူးတို့ရာပေါင်းများစွာမှာ သောင် တင်လျက်ရှိကြောင်း မာရာဆီဂန်က ဆက်လက် ပြောသည်။

အဆိုပါမုန်တိုင်းတိုက်ခတ်မှုကြောင့် နိုင်ငံ အတွင်းရှိလမ်းများနှင့် အဝေးပြေးလမ်းမကြီး များရေ နစ်မြုပ် လျက်ရှိပြီး ကျောင်းများကိုပိတ် ထားရန်နှင့် လုပ်ငန်းများကိုဆိုင်းငံ့ထားရန် အစိုး ရ က တိုက်တွန်းထားသည်။

Read 32 times Last modified on Wednesday, 13 September 2017 10:11