SJ WorldNews - шаблон joomla Авто

ဗြိတိန်အောက်လွှတ်တော်က ဥရောပ သမဂ္ဂမှ ခွဲထွက်မှု ဒုတိယ ဥပဒေကြမ်းကို အတည်ပြု

Wednesday, 13 September 2017 10:04 font size decrease font size decrease font size increase font size increase font size

လန်ဒန်  စက်တင်ဘာ  ၁၂

ဗြိတိန်အောက် လွှတ်တော်သည် ဥရောပ သမဂ္ဂမှ ဗြိတိန်ခွဲထွက်မှုဆိုင်ရာ ဒုတိယဥပဒေ ကြမ်း ကို အတည်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။ဗြိတိန်နိုင်ငံ၏ဥပဒေများအပေါ် အကျိုး သက် ရောက် နေသည့်

ဥရောပသမဂ္ဂ၏ဥပဒေပြဋ္ဌာန်းမှုကိုရပ်တန့်ရန်ရည်ရွယ်သည့် အဆိုပါ ဥပဒေကြမ်းကို အတည်ပြုလိုက်ခြင်းဖြစ်သည် ဟု အောက်လွှတ်တော်က စက်တင်ဘာ ၁၂ ရက် တွင်ပြောသည်။

ယခုဥပဒေကြမ်းကို လွှတ်တော်အမတ် ၃၂၆ ဦးအနက် ၂၉ဝ ၏ထောက်ခံမှုဖြင့် အတည်ပြု လိုက်ခြင်း ဖြစ်ပြီး နောက်တစ်ဆင့်တွင် လွှတ်တော်က ကော်မတီဖွဲ့သွားမည်ဖြစ် ကြောင်း အောက်လွှတ်တော်က၎င်းတို့၏ တွစ် တာစာမျက်နှာတွင်  ရေးသားဖော်ပြ ထားသည်။ ထို့ နောက် အောက်လွှတ်တော်သည် စီမံကိန်းဖြင့်လုပ်ဆောင်မှုကို အတည်ပြုရမည်ဖြစ်သည်။

ယင်းစီမံကိန်းတွင် ဥပဒေကြမ်း၏ အဆင့်ဆင့် တိုးတက်လာမှုကို အချိန်နှင့်တကွ မှတ်တမ်း တင်ခြင်း၊ ဝေဖန်ဆွေးနွေးမှုပြုလုပ် ရန်အတွက် အချိန်ခွဲဝေခြင်း၊ အသုံးပြုမည့် ငွေကြေး အစရှိသည်တို့ ပါဝင်သည်။ အဆိုပါ ဥ ပဒေကြမ်းကို ဗြိတိန်အထက်လွှတ်တော်သို့ မတင်မီ တတိယ အကြိမ်ဆွေးနွေးပြီး အတည် ပြုရမည်ဖြစ်သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲ ထွက်ရေးနှင့်စပ် လျဉ်း၍ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က တရား ဝင်ဆွေး နွေးညှိနှိုင်းမှုများကို ယခုနှစ်ဇွန်လ တွင်စတင်ပြုလုပ်ပြီး ၂ဝ၁၉ ခုနှစ် မတ် ၂၉ ရက်တွင် ဆွေးနွေးမှုအပြီးသတ်ရန် မျှော်မှန်း ထားသည်။               

Read 31 times Last modified on Wednesday, 13 September 2017 10:06