SJ WorldNews - шаблон joomla Авто

ဆွီဒင်က လုပ်ဆောင်သည့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုသည် ရုရှားနှင့် တင်းမာမှုကို ဖြစ်ပေါ်လာစေနိုင်ဟု ဆို

Tuesday, 12 September 2017 13:07 font size decrease font size decrease font size increase font size increase font size

စတော့ဟုမ်း စက်တင်ဘာ ၁၁

ဆွီဒင် နိုင်ငံက ဆယ်စုနှစ် နှစ်ခုကျော်ကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် အခြားနိုင်ငံ များနှင့် ပူးပေါင်း လုပ်ဆောင်သည့် စစ်ရေး လေ့ကျင့်မှုကြီးသည် ရုရှားနိုင်ငံနှင့် တင်းမာမှုများကို ဖြစ်ပေါ်စေမည့် အလားအလာ ထွက်ပေါ်လာစေနိုင်သည်ဟု ရှင်အချို့က ယူဆထားကြောင်းသိရသည်။

NATO တပ်ဖွဲ့၏ စစ်ရေးလေ့ကျင့်မှု အသွင်ရှိ Aurora 17 ဟု အမည်ပေးထားသော အဆို ပါစစ်ရေး လေ့ကျင့်မှုကို ဆွီဒင်ကနိုင်ငံ၏ အရှေ့ပိုင်း စတော့ဟုမ်းဒေသ၊  အနောက်ဘက်ကမ်းရှိ ဂိုသမ်ဘာ့နှင့် ဘော်လတစ်ကျွန်းတစ်ကျွန်း ဖြစ်သည့် ဂေါ့လန်ကျွန်း စသည့်နေရာများ၌ စက်တင်ဘာ ၁၁ ရက်တွင် စတင်လိုက်ခြင်း ဖြစ်ကြောင်း စစ်ဘက်ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ဆွီဒင် နိုင်ငံသည် NATO တပ်ဖွဲ့ဝင်နိုင်ငံ မဟုတ်သော်လည်း ယင်းနိုင်ငံ ၏ံ လြုံခုံရေးသည် NATO တပ်ဖွဲ့၏ လြုံခုံရေးနှင့် နီးကပ်စွာ ဆက်နွယ်နေသည်ဟု တပ်ဖွဲ့၏ ကြီး၏အတွင်းရေးမှူး ချုပ် ဂျန်စတိုတန်ဘာ့က ဆွီဒင်ရုပ်သံအား စက်တင်ဘာ ၁ဝ ရက်တွင်ပြောသည်။

Aurora  17 ပူးတွဲစစ်ရေး လေ့ကျင့်မှုတွင် ပြညပ် အင်အားကြီး နိုင်ငံကြီး တစ်နိုင်ငံ၏ တိုက်ခိုက်မှုကို ခုခံသည့် သရုပ်သဏ္ဌာန်ဖန်တီးထား သော စစ်ရေးလေ့ကျင့်မှု တစ်ရပ်ပါဝင်ကြောင်း သိရသည်။

သို့ရာတွင် အဆိုပါ စစ်ရေး လေ့ကျင့်မှုသည် ပဋိပက္ခ တစ်ခု ဖြစ်ပေါ်စေရန် ရန်စခြင်း မဟုတ်သလို စစ်အေး တိုက်ပွဲ အသစ်ကိုစတင်ခြင်းလည်း မဟုတ်ကြောင်း စတိုတန်ဘာ့ကပြောသည်။

သို့သော် Aurora 17 စစ်ရေး လေ့ကျင့်မှုသည် ဒေသတွင်း တင်းမာမှုကို တိုးမြင့် လာနိုင်သည်ဟု ဆွီဒင် ငြိမ်းချမ်းရေး အဖွဲ့ အစည်း အတော် များများနှင့် ရြှုမင် ထားကြောင်း သိရှိရသည်။

Read 48 times Last modified on Tuesday, 12 September 2017 13:07