SJ WorldNews - шаблон joomla Авто

ထိပ်သီးဆွေးနွေးပွဲ ကျင်းပစဉ် လုံခြုံရေး ၀န်ထမ်းများ မိုဘိုင်းဖုန်းအသုံးပြုခြင်းကို ဖိလစ်ပိုင်ပိတ်ပင်

Tuesday, 12 September 2017 12:51 font size decrease font size decrease font size increase font size increase font size

မနီလာ စက်တင်ဘာ ၁၁

နိုဝင်ဘာလတွင် ကျင်းပမည့် အရှေ့တောင် အာရှ(အာဆီယံ) ထိပ်သီးဆွေးနွေးပွဲနှင့်အရှေ့အာရှ ထိပ်သီး ဆွေးနွေးပွဲ အတွင်း တာဝန်ထမ်းဆောင်မည့် လုံခြုံရေး အမှုထမ်းများအနေဖြင့် မိုဘိုင်းဖုန်းများအသုံးပြုခြင်းကို ဖိလစ်ပိုင်က ပိတ်ပင်လိုက်ကြောင်း ဒေသတွင်းသတင်း ဌာနက စကတ် င်ဘာ ၁ဝ ရက်တွင် ထုတ်ပြန်သည်။

အမေရိကန၊် ဂျပန၊် အိန္ဒိယ၊ ရုရှားစသည့် ခေါင်းဆောင်ကြီးများနှင့် အာဆီယံခေါင်း ဆောင်ကြီးများ အပြန် အလှန် ဆွေးနွေးမှုများပြုလုပ်စဉ် လုံခြုံရေး ဝန်ထမ်းများအနေဖြင့် လုံခြုံရေး အစီအစဉ်များ အနှောင့် အယှက်ဖြစ်စေမည့် မိုဘိုင်းဖုန်း အသုံးပြုခြင်း မလုပ်ကြရန် အာဆီယံ လုံခြုံရေးတပ်ဖွဲ့ ညွှန်ကြားရေးမှူး နပိုလီယံ တက်က ထုတ်ပြန်လိုက်သည်။

လုံခြုံရေးဝန်ထမ်းများ မိုဘိုင်းဖုန်းအသုံး ပြုခြင်းအား ကန့်သတ်လိုက်ခြင်းက အာဆီယံ ခေါင်း ဆောင်ကြီး များ၏ လြုံခုံ မှုနှင့် ဘေးကင်းမှုကို အလွန်အမင်း ကူညီရာရောက်ကြောင်း တက်ကပြောသည်။

လြုံခုံရေးဝန်ထမ်းများ တာဝန်ချိန်အတွင်း မိုဘိုင်းဖုန်း အသုံးပြုခြင်းကို ပြင်းပြင်းထန်ထန် တားမြစ်ထားပြီး မိုဘိုင်းဖုန်း အသုံးပြု ခြင်းကို တွေ့ရှိပါက ယင်းလြုံခုံရေး ဝန်ထမ်းမှာ ဖမ်းဆီးထိန်းသိမ်း ခံရမည်ဖြစ်ကြောင်း သိရသည်။

အာဆီယံ အဖွဲ့ဝင် နိုင်ငံများမှာ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေး ရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

Read 42 times Last modified on Tuesday, 12 September 2017 12:52