SJ WorldNews - шаблон joomla Авто

ကိုရီးယား ကျွန်းဆွယ်တွင် နျူကလီးယားများကို ပြန်လည် ဖြန့်ကျက်ထားရန် တောင်းဆိုမှုကို အာဏာရပါတီ ကန့်ကွက်

Tuesday, 12 September 2017 12:36 font size decrease font size decrease font size increase font size increase font size

မော်စကို စက်တင်ဘာ ၁၁

ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုမြင့်တက်နေစဉ် အမေရိကန်၏ တာတိုပစ် နျူကလီးယားများကို ပြန်လည် ဖြန့်ကျက်ထားရန် အတွက် အတိုက်အခံပါတီက တောင်းဆိုထားခြင်းကို တောင်ကိုးရီးယား အာဏာရပါတီ ဖြစ်သော ဒီမိုကရက်တစ်ပါတီ LPK ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း စက်တင်ဘာ ၁၁ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် နျူကလီးယား စမ်းသပ်မှုများပြုလုပ် ပြီးနောက် ၁၉၉ဝ ပြည့်လွန် နောက်ပိုင်းတွင် တောင်ကိုးရီးနိုင်ငံအတွင်းမှ ဖြုတ်သိမ်းထားသော အမေရိကန်၏ တာတိုပစ်နျူကလီးယား လက်နက်များကို ပြန်လည် တပ်ြဖန့်ချထားရန် အတွက် အတိုက်အခံ ပါတီဖြစ်သော လစ်ဘာတီ ကိုရီးယား (LPK) က ပြင်းပြင်းပြပြ တောင်းဆိုထားသည်။

ထို့ပြင် အဆိုပါကိစ္စအား အမေရိကန်မှ တာဝန်ရှိသူများနှင့် ဆွေးနွေးရန်အတွက် စက်တင်ဘာ ၁၃ ရက်တွင် အမေရိကန်ပြည်ထောင်စုသို့ ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့အား စေလွှတ်သွားမည်ဖြစ်ကြောင်း LPK ပါတီက ကြေညာထားသည်။

နျူကလီးယားလက်နက်များနှင့် ပတ်သက်၍ ဒေသတွင်း အငြင်း ပွားမှုများဖြစေ် ပ်ါနေစဉ် အတိုက်အခံ ခံပါတီက ယင်းအချက်ကို တောင်းဆိုခြင်းသည် လိပ်ခဲတည်းတည်းဖြစ်နေသော နိုင်ငံရေးနှင့် သံတမန်ရေးရာ ကိစ္စရပ်များကို ဖြေရှင်းရာမရောက်ဘဲ မလိုလားအပ်သော ပြဿနာများကို ဖြစ်ပေါ်စေနိုင်ကြောင်း ချိုက တိုက်တွန်းပြောကြားသည်။

ကိုရီးယားကျွန်းဆွယ် အရေးအား သတံ မန်နည်းဖြင့်ဖြေရှင်းနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရမည်ြဖစ်ကြောင်း ချူက တိုက်တွန်း ထားသည်။

မြောက်ကိုးရီးယားအပေါ် ပြင်းထန်သော အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ပြီးနောက် နှစ် ၇ဝ ကြာ ဖြစ်ပွားနေသော စစ်အေးကာလကို အဆုံး သတ်ရန်နှင့် တောင်နှင့်မြောက်နှစ်ခြမ်း ကွဲနေခြင်းကိုပြန်လည်သင့်မြတ်စေရန် အတွက် မြောက်ကိုးရီးယားနှင့် ဆွေးနွေးမှုများပြုလုပ်ရန် ကြိုးပမ်းသင့်ကြောင်း ချိုကဆိုသည်။

ထို့ပြင် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက်ဆောင်ရွက်သင့်သည့် အချက်မှာ နိုင်ငံရေးနှင့် သံတမန် နည်းဖြင့်သာ ဖြေရှင်းရန်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Read 34 times Last modified on Tuesday, 12 September 2017 13:08