SJ WorldNews - шаблон joomla Авто

ဂါဇနီမြို့အတွင်း ဝင်ရောက်တိုက်ခိုက်သည့် တာလီဘန်များကို အာဖဂန်တပ်ဖွဲ့ ချေမှုန်း

Saturday, 11 August 2018 11:52 font size decrease font size decrease font size increase font size increase font size

ဂါဇနီ   သြဂုတ်  ၁ဝ

တာလီဘန် စစ်သွေးကြွများသည် အာဖဂန် နစ္စတန်နိုင်ငံအလယ်ပိုင်း ဂါဇနီမြို့အတွင်းသို့သြဂုတ် ၁ဝ ရက်အစောပိုင်းတွင် စီးနင်းတိုက် ခိုက်ပြီး မြို့အတွင်းရှိ အစိုးရ အဆောက်အအုံများကို သိမ်းပိုက်ထားကြောင်း အာဏာပိုင် များကပြောသည်။

လက်နက်အပြည့်အစုံစွဲကိုင်ထားသည့် စစ်သွေးကြွများသည် မြို့အတွင်းရှိ လုံခြုံရေးကင်းစခန်းများနှင့်  လူနေအိမ် များကို မီးရှို့ ဖျက်ဆီးပြီးနောက် အစိုးရ အဆောက်အအုံ များကို သိမ်းပိုက်ထားနိုင်ခဲ့ကြောင်း၊ နောက်ပိုင်း တွင် ၎င်းတို့ကို အာဖဂန်အစိုးရတပ်ဖွဲ့ဝင်များ က ပြန်လည်တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

စစ်သွေးကြွအဖွဲ့ဝင်များကို တိုက်ခိုက် ရာတွင်  အမေရိကန်ရဟတ်ယာဉ်များနှင့်မောင်းသူမဲ့လေယာဉ်များက အာဖဂန်တပ်ဖွဲ့ များအတွက် လေကြောင်းမှပစ်ကူပေးသည်။ ယခုအခါ အစိုးရတပ်များက စစ်သွေးကြွများ လက်မှ  အစိုးရ အဆောက်အအုံမည်မျှ ပြန်လည်ထိန်းချုပ်နိုင်ပြီကို အတိအကျမသိရ သေးပေ။ စစ်သွေးကြွ များနှင့် အစိုးရတပ်ဖွဲ့ အကြား ဖြစ်ပွားသည့် အပြန်အလှန်တိုက်ခိုက်မှုအတွင်း စစ်သွေးကြွ ၁၅ဝ ခန့်သေဆုံး သို့မဟုတ် ဒဏ်ရာရရှိသွားကြောင်း၊ စစ်သွေး ကြွ အများအပြားကို   အစိုးရတပ်များက ပြန်လည်တိုက်ထုတ်နိုင်ပြီဖြစ် ကြောင်း၊ သို့သော်

မြို့အတွင်းရှိ အချို့နေရာများကို စစ်သွေးကြွ များက ဆက်လက်စီးနင်းသိမ်းပိုက်ထားဆဲဖြစ် ကြောင်း  အာဖဂန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

စစ်သွေးကြွများ၏  တိုက်ခိုက်မှုကြောင့် အာဖဂန်စစ်သည်နှင့် ရဲတပ်ဖွဲ့ဝင်အများအပြား ကျဆုံးပြီး လက်နက်ခဲယမ်း အမြောက်အမြား ဆုံးရှုံးသွားကြောင်း  တာလီဘန်အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထား သည်ဟု သိရသည်။              

 

 

 

Read 16 times Last modified on Saturday, 11 August 2018 11:52