SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား တာဝန်ရှိသူတစ်ဦး၊ ကုမ္ပဏီနှစ်ခုနှင့် ရုရှားဘဏ်တစ်ခုကို အမည်ပျက်စာရင်းသွင်းရန် အမေရိကန်၏ တောင်းဆိုချက် ရုရှားနှင့်တရုတ်ကန့်ကွက်

Saturday, 11 August 2018 11:51 font size decrease font size decrease font size increase font size increase font size

ပေကျင်း   သြဂုတ်  ၁ဝ

ရုရှားဘဏ်တစ်ခု၊ မြောက်ကိုရီးယားမှ တာဝန်ရှိသူတစ်ဦးနှင့် ကုမ္ပဏီနှစ်ခုတို့ကို  ကုလသမဂ္ဂ၏ အမည်ပျက် စာရင်းသွင်းရန် အမေရိကန်၏တောင်းဆိုချက်ကို ရုရှားနှင့် တရုတ်တို့က သြဂုတ် ၉ ရက်တွင်ကန့်ကွက် လိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို  ကျော်လွှားရာ၌ မြောက်ကိုရီးယားကို အကူအညီပေးသည့် Agrosoyuz ကုန်သွယ်ရေးဘဏ်ကို ဘဏ္ဍာရေးအရ အရေးယူပိတ်ဆို့မှုများချမှတ်ရန် ကုလသမဂ္ဂ အရေးယူ ပိတ်ဆို့မှုကော်မတီကို အမေရိကန်အစိုးရက တိုက်တွန်းသည်။

အမေရိကန်အစိုးရသည် မြောက်ကိုရီးယား ပြည်ပကုန်သွယ်ရေးဘဏ်မှ လက်ထောက် ကိုယ်စားလှယ် ဂီဂျောင်ဝန်နှင့် မြောက်ကိုရီးယား ကုမ္ပဏီနှစ်ခုကို အရေးယူပိတ်ဆို့ရန် ကုလသမဂ္ဂကို အဓိကထား တောင်းဆို လိုက်ခြင်းဖြစ်သည်။

အဆိုပါစွပ်စွဲချက်အပေါ် ရုရှားအနေဖြင့် သံသယရှိကြောင်း ကုလသမဂ္ဂ အရေးယူပိတ်ဆို့မှု ကော်မတီကို ရုရှားက ပြောပြီး ထိုကဲ့သို့ ရုရှားဘဏ်၊ မြောက်ကိုရီးယားကုမ္ပဏီနှင့် တာဝန်ရှိသူတစ်ဦးတို့ကို အရေးယူပိတ်ဆို့ရန် အမေရိကန်၏ တောင်းဆိုချက်ကို တရုတ်က ကန့်ကွက်ခဲ့သည်။

အမေရိကန်အစိုးရအနေဖြင့် ထိုကဲ့သို့ တောင်းဆိုမှုပြုလုပ်ပါက လုံလောက်သောသတင်းအချက်အလက်များကို တင်ပြတောင်း ဆိုသင့်ကြောင်း ကုလသမဂ္ဂဆိုင်ရာ ရုရှားသံတမန်ကပြောသည်ဟု AFP သတင်းဌာနက ဖော်ပြ သည်။ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး ဌာနက ရုရှားဘဏ်၊  မြောက်ကိုရီးယားမှ တာဝန်ရှိသူတစ်ဦးနှင့် ကုမ္ပဏီနှစ်ခုတို့ကို  တစ်ဖက်သတ်အရေးယူပိတ်ဆို့ရန် ဆုံးဖြတ်ချက်ချမှတ်ပြီးနောက် ကုလသမဂ္ဂကိုတောင်းဆို လိုက်ခြင်းဖြစ်သည်။  အမေရိကန်က အရေးယူ ပိတ်ဆို့လိုက်သည့်ကုမ္ပဏီနှစ်ခုမှာ တန်တုံ ဇောင်ရှန်းစက်မှုနှင့်    ကုန်သွယ်မှုကုမ္ပဏီနှင့်  ကိုရီးယားအမ်ဂမ်းကော်ပိုရေးရှင်းတို့ဖြစ်ကြောင်း သိရသည်။           

................

Read 15 times Last modified on Saturday, 11 August 2018 11:52