SJ WorldNews - шаблон joomla Авто

အမေရိကန်က ရုရှားဘဏ်များ၏ ပြည်ပငွေကြေး ရောင်းဝယ်မှုကို ထိန်းချုပ်လျှင် စီးပွားရေး စစ်ပွဲဆင်နွှဲမှုဟု ရုရှား မှတ်ယူမည်

Saturday, 11 August 2018 11:39 font size decrease font size decrease font size increase font size increase font size

မော်စကို       သြဂုတ်     ၁ဝ

ရုရှားဘဏ်များ၏လုပ်ငန်းလည်ပတ်မှုများနှင့် ယင်းဘဏ်များ၏ ပြည်ပငွေကြေး ရောင်းဝယ်မှုများအပေါ်  အမေရိကန်က ထိန်းချုပ်လာပါက  စီးပွားရေးစစ်ပွဲဆင်နွှဲမှုဟု မှတ်ယူမည်ဖြစ်ကြောင်း ရုရှားဝန်ကြီးချုပ် ဒီမီထရီမက်ဗီဒက်က သြဂုတ် ၁ဝ ရက်တွင် ပြော သည်။

အမေရိကန်အစိုးရက သြဂုတ် ၈ရက်တွင် ရုရှားနိုင်ငံအပေါ်ပိတ်ဆို့မှု အသစ်များ ချမှတ်ခြင်းကြောင့် ရုရှား ရူဘယ်ငွေ တန်ဖိုးသည် နှစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်း လာပြီးနောက် မက်ဗီဒက်က ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။ အမေရိကန်၏မဆုံးနိုင်သော ပိတ်ဆို့မှုများကြောင့် ရုရှားစီးပွားရေးအပေါ် ထိခိုက်စေနိုင်သည် ဟူသော စိုးရိမ်မှုများလည်း မြင့်တက်လာကြောင်း သိရသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုရှိ ရုရှားဘဏ်ကြီးများ၏ ဒေါ်လာငွေရောင်းဝယ်အသုံး ပြုမှုထိန်းချုပ်မည့်မူကြမ်းကို ရီပတ်ဘလီကန်နှင့် ဒီမိုကရက်လွှတ်တော်အမတ်များက ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဆိုပြုထားသည်။  အမေရိကန်အစိုးရအနေဖြင့် ရုရှား ဘဏ်များကိုပစ်မှတ်ထားထိန်းချုပ်ပါက ရုရှားအစိုးရက စီးပွားရေးနှင့်နိုင်ငံရေး အပါအဝင် အခြားလက်တုံ့ပြန်မှုများကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း အမေရိကန်ပြည်ထောင်စုက နားလည်ထားရန် လိုအပ်သည်ဟု မက်ဗီဒက်က ပြောသည်။

ဗြိတိန်နိုင်ငံ၌ဖြစ်ပွားသည့်  ဓာတုအဆိပ်ဖြင့် တိုက်ခိုက်မှု နောက်ကွယ်တွင် ရုရှားနိုင်ငံ ပါဝင်သည်ဟူသော စွပ်စွဲချက်ဖြင့် အမေရိကန် အစိုးရက ရုရှားအပေါ်ပိတ်ဆို့မှု ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Read 14 times Last modified on Saturday, 11 August 2018 11:51