SJ WorldNews - шаблон joomla Авто

တူရကီမှ သံမဏိနှင့် အလူမီနီယံ သွင်းကုန်အပေါ် အခွန်နှစ်ဆကောက်ရန်ထရမ့်အမိန့်ပေး

Saturday, 11 August 2018 11:03 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန်   သြဂုတ်   ၁ဝ

တူရကီနိုင်ငံမှ အမေရိကန်ပြည်ထောင်စု သို့တင်သွင်းလာသည့် သံမဏိနှင့်အလူမီနီယံ ကုန်ပစ္စည်းများအပေါ် အခွန်နှစ်ဆတိုးမြှင့် ကောက်ခံရန် တာဝန်ရှိသူများကို အမိန့်ပေး လိုက်ပြီဖြစ်ကြောင်း   အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁ဝ ရက်တွင် ပြောသည်။

ယင်းသို့ အခွန်နှစ်ဆတိုးမြှင့်ကောက်ခံမှု ကြောင့် တူရကီအနေဖြင့် သံမဏိကုန်ပစ္စည်း ကို အခွန် ၅ဝ ရာခိုင်နှုန်းနှင့် အလူမီနီယံကုန် ပစ္စည်းကို အခွန် ၂ဝ ရာခိုင်နှုန်း ထပ်ဆောင်း ပေးရမည်ဖြစ်သည်။

လက်ရှိအချိန်တွင် အမေရိကန်- တူရကီ ဆက်ဆံရေးသည် ကောင်းမွန်သည့်အခြေ အနေမရှိကြောင်း ထရမ့်က သြဂုတ် ၁ဝ ရက်တွင် တွစ်တာ စာမျက်နှာ၌ ရေးထားသည်။

ထို့ပြင် တူရကီငွေကြေးဖြစ်သည့် လီရာ တန်ဖိုးသည် အမေရိကန်ဒေါ်လာနှင့် နှိုင်းယှဉ်ပါက အောက်ဆုံးအထိ လျင်မြန်စွာ ကျဆင်း လာနေပြီဖြစ်ကြောင်း   ထရမ့်ကဆက်ပြောသည်။ အမေရိကန်သင်းအုပ် ဆရာကို  တူရကီက ဖမ်းဆီး ထိန်းသိမ်းမှုနှင့် ပတ်သက်၍ နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုယိုယွင်းလာခြင်း ဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အမေရိကန် ပြည်ထောင်စုသည် ပြီးခဲ့သည့်သီတင်းပတ် တွင်   တူရကီဝန်ကြီး နှစ်ဦးကို အရေးယူ ပိတ်ဆို့ခဲ့သည်။  ထိုသို့ အရေးယူပိတ်ဆို့ချိန် မှစ၍ လီရာငွေတန်ဖိုးကျဆင်းလာခြင်းဖြစ်ပြီး  သြဂုတ် ၁ဝ ရက်အစောပိုင်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် ၆ ဒသမ ၃၉ လီရာအထိ ရောက်ရှိလာသည်။

သို့သော် လီရာငွေတန်ဖိုးကျဆင်းမှုကို စိုးရိမ်ပူပန်မှုမရှိကြောင်းနှင့် ပြည်သူများအနေ ဖြင့်လည်း  မစိုးရိမ်ကြရန် တူရကီ သမ္မတ  ရီဆပ်တေယစ် အာဒိုဂန်က  တိုက်တွန်းထားသည်ဟု သိရသည်။           

....................

Read 10 times Last modified on Saturday, 11 August 2018 11:04