SJ WorldNews - шаблон joomla Авто

ပိတ်ဆို့မှုများ ရှိနေသော်လည်း တူရကီက အီရန်မှ ရေနံများ ဆက်လက်ဝယ်ယူမည်

Friday, 10 August 2018 11:44 font size decrease font size decrease font size increase font size increase font size

အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုများရှိနေ သော်လည်း တူရကီအနေဖြင့် အီရန်နိုင်ငံမှ ရေနံများကို ဆက်လက် ဝယ်ယူတင်သွင်း သွားမည်ဟု တူရကီစွမ်းအင်ဝန်ကြီး ဖာတီ ဒွန်မက်က သြဂုတ် ၈ ရက်တွင်ပြောသည်။

၎င်း၏ပြောဆိုချက်သည် အီရန်နှင့် စီးပွားရေးအရ ဆက်ဆံသည့် မည်သည့်နိုင်ငံကိုမဆို အမေရိကန် ပြည်ထောင်စု က စီးပွားရေး အရဆက်ဆံမည်မဟုတ်ဟု  အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က ပြောဆိုပြီးနောက် တစ်ရက် အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

သို့ရာတွင် တူရကီနိုင်ငံသည် လက်ရှိ အီရန်မှ တင်သွင်းနေသည့် ရေနံအပေါ် လုံးလုံးလျားလျား အမှီသဟဲပြုနေပြီး အီရန်မှ ရေနံကိုရေရှည်ဝယ်ယူရေးအတွက် ချုပ်ဆိုထားသည့် စာချုပ်ကို ထိန်းသိမ်းရန်ဆုံးဖြတ် ထားသည်။

အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍   အမေရိကန် အစိုးရနှင့် ဆွေးနွေးရန် တူရကီအစိုးရက ၎င်းတို့၏ ကိုယ်စားလှယ် အဖွဲ့ တစ်ဖွဲ့ကို   အမေရိကန်ပြည်ထောင်စုသို့ ပို့ဆောင်ထားသည်ဟျွုနကအနမျ သတင်းဌာန ကဖော်ပြသည်။ တူရကီနိုင်ငံသည် စွမ်းအင်  ကဏ္ဍအတွက် နိုင်ငံအတွင်းသို့တင်သွင်းနေသည့် ရေနံများအပေါ် ရာခိုင်နှုန်းပြည့်နီးပါး အမှီသ ဟဲပြု နေသည့်   နိုင်ငံတစ်နိုင်ငံဖြစ်သည်။

ထို့ကြောင့်   အီရန်အပေါ်ချမှတ်ထားသည့်  အမေရိကန်၏ ပိတ်ဆို့မှုများ နှင့်ပတ်သက်၍  ဆွေးနွေးရန်   တူရကီ အစိုးရက ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ကို အမေရိကန် ပြည်ထောင်စုသို့ စေလွှတ်ထားခြင်းဖြစ်သည်။

တူရကီနှင့် အမေရိကန်တာဝန်ရှိသူများ အကြား   ယခုအခါ  စေ့စပ်ဆွေးနွေးမှုများ လုပ်ဆောင်လျက်ရှိသည်။ အမေရိကန်၏ ပိတ်ဆို့မှုကြောင့် အီရန်မှ ရေနံဝယ်ယူတင်သွင်းနေခြင်းကို တူရကီ ရေနံကုမ္ပဏီကြီးတစ်ခုဖြစ် သည့် Tupras က လျှော့ချလျက်ရှိသော်လည်း  ယင်းနိုင်ငံမှ စွမ်းအင်တင်သွင်းခြင်းကို   ရပ်ဆိုင်းပစ်ရန် လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။ ထို့ပြင် တူရကီနိုင်ငံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းအတွက် အသုံးပြု နေရသည့် သဘာဝဓာတ်ငွေ့ ပမာဏသည်  ၄ဝရာခိုင်နှုန်း ရှိသောကြောင့်  အီရန်နှင့် ချုပ်ဆိုထားသည့် စွမ်းအင် ဝယ်ယူ တင်သွင်းရေးစာချုပ်ကို ရပ်ဆိုင်းမည် မဟုတ်ဟု ဒွန်မက်က ပြောသည်။

ထို့ပြင် အီရန် အပေါ်ချမှတ်သည့်  အမေ ရိကန်၏ပိတ်ဆို့မှုများသည်  တစ်ဖက်သတ် လုပ်ဆောင်သည့်    ပိတ်ဆို့မှု များ သာဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

အမေရိကန်အစိုးရ အနေဖြင့် အီရန်နှင့် စီးပွားရေးလုပ်ဆောင်နေသည့်နိုင်ငံများနှင့် စီးပွားရေးအရဆက်ဆံမည် မဟုတ်ဟု သမ္မတ ထရမ့်က သြဂုတ် ၇ ရက်တွင်ခြိမ်းခြောက်ထားသည်။ သို့သော် အီရန်အပေါ်ချမှတ် ထားသည့်  အမေရိကန် အစိုးရ၏ ပိတ်ဆို့မှုများကို ဗြိတိန်၊ ဂျာမနီနှင့် ပြင်သစ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများက  ပူးတွဲ ထုတ်ပြန် ချက်တစ်စောင်တွင်   ပြစ်တင်ရှုတ်ချထားသည်။

ထို့ပြင်    အမေရိကန်၏ ပိတ်ဆို့မှုများကြောင့်  ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွား ထိခိုက်မှုမရှိစေရန်   ကာကွယ် သွားမည်ဟု  ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဆောင်းပါးရှင်- နိုင်အောင်

.......................

Read 13 times Last modified on Friday, 10 August 2018 11:48