SJ WorldNews - шаблон joomla Авто

စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းဖြင့် အာဖရိကဒေသနှင့် ဆက်ဆံရေး မြှင့်တင်လာသည့် တရုတ်

Thursday, 12 July 2018 14:04 font size decrease font size decrease font size increase font size increase font size

တစ်စထက်တစ်စ  ဖွံ့ဖြိုးတိုးတက်လာ သည့်တရုတ်နိုင်ငံသည် အာဖရိကဒေသနှင့် ဆက်ဆံရေးကို မြှင့်တင်လာ ပြီဖြစ်သည်။ ထိုသို့ ဆက်ဆံရေး မြှင့်တင်ရာတွင် တရုတ်နိုင်ငံက အာဖရိက ဒေသ၌ ရင်းနှီးမြှုပ်နှံမှုများပိုမိုလုပ် ဆောင်ခြင်း၊ မီးရထားလမ်းများ ဖောက်လုပ် ခြင်း၊ စစ်လက်နက်ပ စ္စည်းများရောင်းချပေးခြင်း အစရှိသော နည်းလမ်းများကို  အသုံးပြုလာ ခြင်းဖြစ်သည်။

သို့သော် တရုတ်အစိုးရသည် စစ်လက်နက် ပစ္စည်းများရောင်းချပေးခြင်းနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ခြင်း အားဖြင့် အာဖရိက ဒေသနှင့်ဆက်ဆံရေးကို ပိုမိုမြှင့်တင်လာခြင်း ဖြစ်သည်။

အကြမ်းဖက်မှုနှင့်ပြင်းထန်သောအစွန်း ရောက်မှုများသည် အာဖရိကတိုက်တစ်ဝန်း ၌ဖြစ်ပွားနေကြောင်း၊ ဒေသ တွင်းရှိ ဘိုကိုဟာ ရမ်နှင့်အယ်ကိုင်ဒါတို့ကဲ့သို့ အစွန်းရောက် အဖွဲ့အစည်းများက အာဖရိကဒေသ၌စိုးမိုး လှုပ်ရှား နေကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ နိုင်ငံများရှိအစိုးရအဖွဲ့များအနေဖြင့် ထိုအစွန်း ရောက်များကိုနှိမ်နင်းရန် အတွက် စစ်ဘက် ကို အဆင့်မြှင့်တင်ရမည်ဖြစ်ကြောင်း၊ ထိုသို့အဆင့်မြှင့်တင်ရာတွင်  တရုတ်နိုင်ငံအနေဖြင့် အကူ အညီ ပေး နိုင်ကြောင်း တရုတ်ဆက်သွယ် ရေးတက္ကသိုလ် အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာနမှ နိုင်ငံရေး လေ့လာသူ ယန်းမီယန်က ပြောသည်။

၂၀၁၃  ခုနှစ်မှ  ၂၀၁၇  ခုနှစ်အတွင်း တရုတ်နိုင်ငံက အာဖရိက ဒေသသို့ စစ်လက်နက်တင်ပို့မှုသည် ၂၀၀၈-၂၀၁၂ ကာလနှင့် နှိုင်းယှဉ်ပါက  ၅၅  ရာခိုင်နှုန်း ပိုမိုမြင့်တက် လာကြောင်း စတော့ဟုမ်း အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး သုတေသနအဖွဲ့၏ ထုတ်ပြန်ချက် တွင်ဖော်ပြထားသည်။   ထိုကာလအတွင်း အာဖရိကဒေသက စစ်လက်နက် ပစ္စည်းတင် သွင်းမှုကို ၂၂ ရာခိုင်နှုန်းအထိ  လျှော့ချသော်လည်း တရုတ်နိုင်ငံ၏ဈေးကွက်ဝေစုမှာ၈ ဒသမ ၆ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ သိသိသာသာမြင့်တက်လာသည်ကို   တွေ့ရ သည်။

အဓိကအားဖြင့် တရုတ်နိုင်ငံသည် တန် ဇန်နီးယား၊ ချတ်၊ ဂမ်ဘီယာ၊ နမ်မီးဘီယာ၊ ရ၀မ်ဒါ၊ ဘူရွန်ဒီ၊ မိုဇမ်ဘစ်နှင့် ဂါဘွန်နိုင်ငံ တို့သို့ တင့်ကားများနှင့်သံချပ်ကာယာဉ်များ ကိုအများဆုံးတင်ပို့ရောင်းချခဲ့သည်။ ထိုသို့ တင်ပို့ခြင်း သည်လည်း ကုလသမဂ္ဂ၏ သမား ရိုးကျစစ်လက်နက်ပစ္စည်းများ  မှတ်ပုံတင် စာရင်းနှင့်အညီဖြစ်သည်။

အာဖရိကတိုက်အရှေ့ဖျား၌တည်ရှိသည့် ဂျဘူတီနိုင်ငံ၌ တရုတ်၏ ရေတပ်အခြေစိုက် စခန်းတစ်ခုရှိသည်။ ထိုအခြေ စိုက် စခန်းသည် အာဖရိကဒေသအတွက် စစ်ရေးအကူအညီ များပေးစွမ်းနိုင်ရုံသာမက အရှေ့အာဖရိက ကမ်းရိုးတန်း တစ်လျှောက်၌ ပင်လယ်ဓားပြ နှိမ်နင်းရေးတွင်လည်း ကူညီနိုင်သည့်အပြင် ကုလသမဂ္ဂ၏  ငြိမ်းချမ်းမှု ထိန်းသိမ်းရေး လုပ်ငန်းများတွင်လည်း ပါဝင်ဆောင်ရွက်နိုင်သည်။

တရုတ်နိုင်ငံမှ စစ်လက်နက်ပစ္စည်းများ သည် အနောက်နိုင်ငံထုတ်စစ်လက်နက်များ နှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းနည်း သော်လည်း အရည်အသွေးအားဖြင့် နိမ့်ကျခြင်းမရှိကြောင်း ယန်းမီယန်ကဆိုသည်။ ထို့ပြင် တရုတ်နိုင်ငံ သည် အာဖရိကဒေသ၏ပြည်တွင်းရေးတွင် ၀င်ရောက်စွက်ဖက်မှုလည်း မရှိသည့်အတွက် နှစ်ဦးနှစ်ဖက်ဆက်ဆံရေး ပိုမိုခိုင်မာလာခြင်း ဖြစ်သည်။

တရုတ်-အာဖရိက  ဆက်ဆံရေးသည် သမိုင်းကြောင်းအရ ခိုင်မာမှုရှိသည်။ ၂၀ ရာစု တွင် အာဖရိက နိုင်ငံများ၏ လွတ်လပ်ရေးကြိုးပမ်းမှုအတွင်း တရုတ်နိုင်ငံက အကူအညီများ ပေးခဲ့သည်။ ယင်းကဲ့သို့ ဆက်ဆံရေးများက အပြန်အလှန် ယုံကြည်မှုကို ဖြစ်ပေါ်စေခဲ့ခြင်း ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်လက်ထက်တွင် အကောင်အထည်ဖော်သည့် ပိုးလမ်းမသစ် စီမံကိန်း၌ အာဖရိက ဒေသလည်း အပါအ၀င် ဖြစ်သည်။ ထို့ကြောင့် တရုတ်နိုင်ငံသည် အာဖရိကဒေသ အတွက် လိုအပ်သည့်  စစ်လက် နက်ပစ္စည်းများကို ထောက်ပံ့ပေးခြင်းအားဖြင့် တရုတ်-အာဖရိက ဆက်ဆံရေးကို ပိုမိုမြှင့်တင် လာခြင်းပင် ဖြစ်သည်။      

Read 13 times Last modified on Thursday, 12 July 2018 14:06