SJ WorldNews - шаблон joomla Авто

၂၀၁၉ ခုနှစ် ပြုံးယမ်း မာရသွန်ပြိုင်ပွဲတွင် နိုင်ငံခြားကစားသမားများ ပါဝင်ရန် မြောက်ကိုရီးယား ဖိတ်ခေါ်

Thursday, 12 July 2018 14:03 font size decrease font size decrease font size increase font size increase font size

ဆိုး   ဇူလိုင်   ၁၁

နိုင်ငံတကာ မာရသွန်နှင့် တာဝေးအပြေး ပြိုင်ပွဲအဖွဲ့ (AIMS) က အသိအမှတ်ပြုသည့် မန်ယောင်ဒေးပရိုက် နိုင်ငံတကာ အပြေးပြိုင်ပွဲကို ပြုံးယမ်းမြို့၌ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ခြင်း ဖြစ်သည်။ လာမည့် ၂၀၁၉ ခုနှစ် ဧပြီ ၇ ရက် တွင် ကျင်းပမည့် အကြိမ်(၃၀)မြောက် အဆိုပါ မာရသွန်ပြိုင်ပွဲတွင် နိုင်ငံခြားကစားသမားများ ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ် ခဲ့ကြောင်း မြောက်ကိုရီးယား အစိုးရက ဇူလိုင် ၁၁ ရက်တွင် ပြောသည်။

ပြည်ပအားကစားသမားများ အနေဖြင့် အဆိုပါ မာရသွန်ပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ယခုအခါ လျှောက်လွှာများ လျှောက်ထားနိုင် ပြီဖြစ်ကြောင်းနှင့် ယင်းလျှောက်လွှာများကို တရုတ်နိုင်ငံ အခြေစိုက် ကော်ယိုခရီးသွား လုပ်ငန်းမှ တစ်ဆင့် လျှောက်ထားနိုင်ကြောင်း ပြုံးယမ်း မာရသွန် အဖွဲ့က ၎င်းတို့ အင်္ဂလိပ် ၀က်ဆိုက်၌ ဖော်ပြထားသည်။

မြောက်ကိုရီးယားနိုင်ငံတည်ထောင်သူ ကင်အီဆွန်း၏ မွေးနေ့ဖြစ်သော ဧပြီ ၁၅ ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် အဆိုပါ မာရသွန် ပြိုင်ပွဲကို ၁၉၈၁ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ဧပြီလတွင် ပြုံးယမ်းမြို့၌ ကျင်းပခြင်းဖြစ်သည်။

အဆိုပါအားကစားပြိုင်ပွဲတွင်  ပြည်ပ အားကစားသမားများ   ပါဝင်ယှဉ်ပြိုင်ရန် မြောက်ကိုရီးယား အစိုးရက ၂၀၁၄ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ်အတွက် မာရသွန်ပြိုင်ပွဲကို ဧပြီ၈ ရက်တွင်ကျင်းပခဲ့ပြီး  နိုင်ငံ ၄၃ နိုင်ငံမှ နိုင်ငံခြားကစားသမား ၄၂၉ ဦးပါဝင်ခဲ့သည်။ ယခင်နှစ်များတွင်  ပါဝင်သူ ကစားသမား ၁၁၀၀ ခန့်ရှိရာမှ ယခုနှစ်မှာ လျော့နည်းသွားခြင်း ဖြစ်ကြောင်း သိရသည်။ 

Read 8 times Last modified on Thursday, 12 July 2018 14:04