SJ WorldNews - шаблон joomla Авто

ဆီးရီးယား၌ ရုရှားစစ်ဘက် တည်ရှိမှု တရားဝင်ဖြစ်ဟု ဂျာမနီ အောက်လွှတ်တော်ပြော

Thursday, 12 July 2018 14:00 font size decrease font size decrease font size increase font size increase font size

ဘာလင်   ဇူလိုင်  ၁၁

ဆီးရီးယား အစိုးရ၏ အကူအညီတောင်း မှုကြောင့် ရုရှားစစ်ဘက်က ယင်းနိုင်ငံအတွင်း  တည်ရှိနေရခြင်းဖြစ်ပြီး နိုင်ငံတကာဥပဒေ အရလည်းခွင့်ပြုနိုင်သောကြောင့် ဆီးရီးယား ၌ရုရှားစစ်ဘက်တည်ရှိမှုက  တရားဝင်ဖြစ် ကြောင်း ဂျာမနီအောက်လွှတ်တော်က တွေ့ရှိ သည်ဟု  Tagesschau သတင်းဌာနက ဇူလိုင် ၁၀ ရက်တွင်ဖော်ပြထားသည်။

ရုရှားစစ်ဘက်သည် ဆီးရီးယား အစိုးရ၏ အပြည့်အ၀ ထောက်ခံမှုကြောင့် ယင်းနိုင်ငံအတွင်း စစ်ဆင်ရေး လုပ်ဆောင် နေခြင်းဖြစ် ကြောင်း ဂျာမနီ လက်ယာပါတီမှ အောက်လွှတ်တော် ကိုယ်စားလှယ် အလက်ဇန်း ဒါးနျူက ပြောသည်။

အမေရိကန် ဦးဆောင်သော ညွန့်ပေါင်း အဖွဲ့က ဆီးရီးယား နိုင်ငံအတွင်း စစ်ရေးအရ ကြားဝင်စွက်ဖက်မှုသည် ဆီးရီးယား အစိုးရ၏ ခွင့်ပြုချက်အရ မဟုတ်ကြောင်း၊ ထို့ပြင် ယင်းနိုင်ငံအတွင်းရှိ စစ်သွေြးွကများအား စစ် လက်နက် ပစ္စည်းများ ထောက်ပံ့နေခြင်းသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်နေခြင်းဖြစ်ကြောင်းနှင့် ဆီးရီးယား နိုင်ငံ၌ အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့ တည်ရှိမှုက ဆီးရီးယား ပဋိပက္ခကို   ပိုမိုရှုပ်ထွေးစေသည် ဟု  ဂျာမနီ အောက်လွှတ်တော်က သတ်မှတ်ကြောင်း အလက်ဇန်းဒါးနျူက ပြောသည်။

ဆီးရီးယားစစ်ဘက်သည် အကြမ်းဖက် သမားများကို ပင်ပင်ပန်းပန်း တိုက်ခိုက်နေရကြောင်း၊ အချို့စစ်သွေးကြွ များမှာ အမေရိကန် ပြည်ထောင်စုမှ စစ်ရေး ထောက်ပံ့မှုများ ရရှိထားကြောင်း၊ ထို့ကြောင့် ဆီးရီးယားအရေး တွင် အမေရိကန်က ကြားဝင်စွက်ဖက်ခြင်းမှာ အကြောင်းအကျိုး ခိုင်လုံခြင်း မရှိကြောင်း နိုင်ငံတကာ ဥပဒေ ပညာရှင် များက  သုံးသပ်ထားသည်ဟု  ဂျာမနီ အောက်လွှတ်တော်က ပြောသည်။                

Read 9 times Last modified on Thursday, 12 July 2018 14:03