SJ WorldNews - шаблон joomla Авто

ဝန်ကြီးချုပ် လီရှန်လွန်းနှင့် ထိပ်သီး ဆွေးနွေးပွဲ ကျင်းပရန် စင်ကာပူ နိုင်ငံသို့ တောင်ကိုရီးယား သမ္မတ ရောက်ရှိ

Thursday, 12 July 2018 10:09 font size decrease font size decrease font size increase font size increase font size

ဆိုး    ဇူလိုင်    ၁၁

တောင်ကိုရီးယားသမ္မတ  မွန်ဂျေးအင်သည် သုံးရက်ကြာ အလည်အပတ်ခရီးအဖြစ်  စင်ကာပူနိုင်ငံသို့   ဇူလိုင် ၁၁ ရက်တွင်  ရောက်ရှိပြီး စင်ကာပူသမ္မတနှင့် တွေ့ဆုံမှု အပါအ၀င် ၀န်ကြီးချုပ် လီရှန်လွန်းနှင့်လည်း ထိပ်သီး ဆွေးနွေးပွဲ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ဂျေးအင်သည် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ အလည်အပတ် ခရီးစဉ် သွားရောက်ပြီးနောက်  စင်ကာပူနိုင်ငံသို့  ရောက် ရှိခြင်းဖြစ်ပြီး ၁၅နှစ်အတွင်း တောင်ကိုရီးယား သမ္မတ တစ်ဦး၏ ပထမဆုံး စင်ကာပူနိုင်ငံ ခရီးစဉ်လည်း ဖြစ်သည်။

မွန်ဂျေးအင်၏  အလည်အပတ်ရောက်ရှိမှုကို ဇူလိုင် ၁၂ ရက်တွင် တရားဝင်ကြိုဆိုပွဲ အခမ်းအနားနှင့် စတင် မည်ဖြစ်ပြီး မွန်ဂျေးအင်က စင်ကာပူသမ္မတ ဟာလီ မတ်ယာကော့နှင့်   တွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။ ထို့ပြင် မွန်ဂျေးအင်နှင့် လီရှန်လွန်းတို့၏  ထိပ်သီးဆွေးနွေးပွဲကို ဇူလိုင် ၁၃ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး ပူးတွဲ သတင်းစာ ရှင်းလင်းပွဲနှင့် ညစာ စားပွဲလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

သမ္မတမွန်ဂျေးအင်အနေဖြင့် တိုးတက်မှုအပေါ် အခြေပြုကာ  နှစ်နိုင်ငံအကြား အနာဂတ်အလားအလာရှိသော ပူးပေါင်း ဆောင်ရွက်မှုကို အထောက် အကူပြုမည့် နည်းလမ်းများကို ဆွေးနွေးမည်ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတရုံးမှ ပြောရေး ဆိုခွင့်ရှိသူ  ကင်အိုင်ကီအွန်က အစောပိုင်းတွင် ပြောသည်။

စင်ကာပူနိုင်ငံသည် လက်ရှိတွင် အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ်  ဆောင်ရွက်လျက်ရှိပြီး မွန်ဂျေးအင် သည် စင်ကာပူ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ငြိမ်းချမ်းရေးနှင့် စီးပွားရေးအတွက် ဒေသတွင်းကြိုး ပမ်းချက် များကို အလေးထား ဆွေးနွေးမည်ဟု မျှော်မှန်းထားကြောင်း သိရသည်။

စင်ကာပူနိုင်ငံသို့ မွန်ဂျေးအင်၏ အလည်အပတ် ခရီးစဉ်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်  မြောက်ကို ရီးယား ခေါင်းဆောင်  ကင်ဂျုံအွန်တို့ အကြား သမိုင်းဝင် ဆွေးနွေး ပွဲပြီးနောက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။                        

Read 6 times Last modified on Thursday, 12 July 2018 10:20