SJ WorldNews - шаблон joomla Авто

သံတမန်များကို နှင်ထုတ်သည့်ဂရိကို လက်တုံ့ပြန်မည်ဟု ရုရှားဆို

Thursday, 12 July 2018 10:07 font size decrease font size decrease font size increase font size increase font size

မော်စကို    ဇူလိုင်   ၁၁

ဂရိအစိုးရက ရုရှား သံတမန်နှစ်ဦးကို နှင်ထုတ်ခြင်းအပေါ်လက်တုံ့ပြန်သွားမည်ဟု ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာ နက ဇူလိုင် ၁၁ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံအတွင်း တရားမ၀င် ဆောင်ရွက်ချက်များ လုပ်ဆောင်မှု၊ ၀င်ရောက်စွက်ဖက်မှုနှင့်  နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို   လျော့ပါးစေမှုတို့ဖြင့် ဂရိအစိုးရက ရုရှားသံတမန်နှစ်ဦးကိုနိုင်ငံမှနှင်ထုတ်ခဲ့ပြီး အခြားနှစ်ဦးကို နိုင်ငံသို့ ၀င်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်ုးအေ့ငာနမငညင သတင်းစာ ကဖော်ပြသည်။ ၎င်းတို့အားလုံးသည် ဂရိနိုင်ငံအတွင်း သတင်းအချက် အလက်များစုဆောင်းခြင်းနှင့် ဖြန့်ချိခြင်းတို့ကိုလုပ်ဆောင်သည့်အပြင် အစိုးရ အဖွဲ့မှ အရာရှိများကို  လာဘ်ထိုးခဲ့သည်ဟု ဂရိအစိုးရက စွပ်စွဲ ထားသည်။

ဂရိနိုင်ငံအနေဖြင့်   ရုရှားနှင့်ကောင်းမွန်သည့် ဆက်ဆံရေးကို ထိန်းသိမ်းကာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင် လိုသော်လည်း နှစ်နိုင်ငံစလုံး၏ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို အပြန်အလှန်လေးစား သည့်အနေဖြင့်  နိုင်ငံအတွင်း တရားမ၀င် လုပ်ဆောင်မှုများ လုပ်ဆောင်သည့် ရုရှားသံတမန်များကို အရေးယူခဲ့ရခြင်းဖြစ်သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

ရုရှားနိုင်ငံသည် ဂရိအစိုးရ၏ အတိမ်းအစောင်းမခံသည့် အမျိုးသားရေး ပြဿနာ ရပ်များတွင် ၀င်ရောက် စွက်ဖက်ရန် ကြိုးပမ်းလျက်ရှိသည်ဟု အဆိုပါသတင်းစာတွင်ဖော်ပြထားကြောင်း သိရသည်။

 

Read 7 times Last modified on Thursday, 12 July 2018 10:08