SJ WorldNews - шаблон joomla Авто

ထမ့်လုံခွန်နမ့် လိုဏ်ဂူ အတွင်း ပိတ်မိနေသူအားလုံးကို ကယ်ထုတ်နိုင်ပြီ

Wednesday, 11 July 2018 10:13 font size decrease font size decrease font size increase font size increase font size

ဘန်ကောက်  ဇူလိုင်   ၁၀

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ပြည်နယ် မယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့်လိုဏ်ဂူအတွင်းသို့ ဇွန် ၂၃ ရက်တွင် ၀င်ရောက် သွားရာမှ  ပိတ်မိနေသည့် ကလေး ၁၂ ဦးနှင့် ဘောလုံးနည်းပြတစ်ဦးတို့ကို   ရေငုပ်ကယ်ဆယ်ရေးအဖွဲ့က ဇူလိုင် ၈ ရက်မှစတင်၍  လိုဏ်ဂူ အပြင်သို့ ကယ်ထုတ်မှုတို့ကို ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၁၀ ရက်အရောက်တွင် နည်းပြနှင့် ကလေးများ အားလုံးကို   အောင်မြင်စွာကယ် ထုတ်နိုင်ခဲ့ပြီဖြစ်သည်။

နိုင်ငံတကာနှင့် ထိုင်းရေတပ်အထူးတပ်ဖွဲ့တို့မှ ကျွမ်းကျင်ရေငုပ်သမားများသည် လိုဏ်ဂူအတွင်း ပိတ်မိနေသူများ ကို ဇူလိုင် ၈ ရက်မှစတင်၍ အပြင်သို့ကယ်ထုတ်ခဲ့ရာ ပိတ်မိနေသူလေးဦးကို ကယ်ထုတ်ပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများကို ခေတ္တရပ်နား သည်။ ဇူလိုင် ၉ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီတွင် ကယ်ဆယ်ရေး လုပ်ငန်းများကို ပြန်လည်စတင်သည်။ ဇူလိုင် ၉ ရက်တွင် ကယ်ဆယ်ရေးအဖွဲ့သည် နောက်ထပ်ပိတ်မိ နေသူ လေးဦးကို ကယ်ထုတ်နိုင်ခဲ့သည်။

ဇူလိုင် ၁၀ ရက် ညနေ ၄ နာရီ ၆ မိနစ်တွင် ကိုးဦးမြောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီဖြစ် ကြောင်း ထိုင်းရေတပ်က ၎င်းတို့၏ လူမှု ကွန်ရက်စာမျက်နှာတွင်ဖော်ပြသည်။ ကိုးဦးမြောက်ကို ကယ်ထုတ်နိုင်ပြီး မကြာမီ ၁၀ ဦး မြောက် ကလေးကို ကယ်ထုတ်နိုင်ခဲ့ကြောင်း  သတင်းအရင်းအမြစ်တစ်ခုကပြောသည်။

ဇူလိုင် ၁၀ ရက် ည ၆နာရီ ၂၅မိနစ်တွင် ၁၁ ဦးမြောက်နှင့် ၁၂ ဦးမြောက်ကို ကယ်ထုတ်နိုင်ခဲ့သည်။ ၈ နာရီ ၁၃ မိနစ်တွင် ၁၃ ဦးမြောက်ဖြစ်သော ဘောလုံးနည်းပြကို ဂူအပြင်ဘက်သို့ ကယ်ထုတ် နိုင်ပြီဖြစ်သည်။

ဂူအပြင်သို့ရောက်ရှိလာသူများအားလုံး ကို  ကယ်ဆယ်ရေးသမားများက   ချင်းရိုင်ပရာချာ နျူခရို ဆေးရုံသို့  ပို့ဆောင် ပေးထား သည်။

တောဝက်အမည်ရှိ ဘောလုံးအသင်းမှ လူငယ်ကစားသမား ၁၂ ဦးနှင့် နည်းပြတစ်ဦးတို့သည်  ဇွန် ၂၃ ရက်တွင် ထမ့်လုံ ခွန်နမ့် လိုဏ်ဂူအတွင်းသို့ဝင်သွားစဉ် မိုးသည်းထန် စွာရွာသွန်းခြင်းကြောင့် လိုဏ်ဂူအတွင်း ရေတက်လာ သည့်အတွက် ပိတ်မိနေခြင်းဖြစ်သည်။ ယခုအခါ လိုဏ်ဂူအတွင်း ပိတ်မိနေသူ အားလုံးကို ကယ်ထုတ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

..........................

Read 44 times Last modified on Wednesday, 11 July 2018 10:14