SJ WorldNews - шаблон joomla Авто

ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း နာဝပ်ရှာရစ် ထောင်ဒဏ်ကျခံရန် ဗြိတိန်မှပြန်လာမည်

Wednesday, 11 July 2018 10:10 font size decrease font size decrease font size increase font size increase font size

ကရာချိ    ဇူလိုင်   ၁၀

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း နာဝပ်ရှာရစ်သည် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ခုံရုံးက ချမှတ်သည့် ထောင်ဒဏ် ကို ကျခံရန်အတွက် ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှ ဇူလိုင် ၁၃ ရက်တွင် ပြန်လာမည်ဖြစ်ကြောင်း  သိရသည်။

နာဝပ်ရှာရစ်သည် ၎င်း၏ပိုင်ဆိုင်မှုများ ကိုအစိုးရသို့မကြေညာသည့်ပြစ်မှုဖြင့် တရားစွဲခံရကာ ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခံရခြင်း ဖြစ်သည်။ နာဝပ်ရှာရစ်နှင့်အတူ ၎င်း၏သမီးမာယမ်လည်း လိုက်ပါလာမည်ဖြစ်သည်။ တရားရုံး သည် မာယမ်နှင့် ခင်ပွန်း မူဟာမက် ဆက်ဒါတို့ကို ထောင်ဒဏ်ခုနစ်နှစ်နှင့် တစ်နှစ်စီ အသီးသီး ချမှတ်ထားသည်။

နာဝပ်ရှာရစ်သည်  နေမကောင်းသည့်ဇနီး အားပြုစုရန် ၎င်း၏ မိသားစုနှင့်အတူ ဗြိတိန် နိုင်ငံသို့ဇွန်လအတွင်းက ရောက်ရှိနေခြင်းဖြစ်သည်။

နာဝပ်ရှာရစ် မိသားစုသည်လန်ဒန်မြို့ရှိ လူကုံထံရပ်ကွက် တစ်ခုဖြစ်သည့် ဟိုက်ပါ့အရပ်၌ ကြီးမားသော တိုက်ခန်း များ ၀ယ်ယူရာတွင် အသုံးပြုသည့် ငွေကြေးနှင့် ပတ်သက်၍ ထုတ်ဖော် ရှင်းလင်းနိုင်ခြင်းမရှိပေ။

တရားရုံး၏ အကျင့်ပျက်ခြစားမှု စွပ်စွဲချက်ကို နာဝပ်ရှာရစ်နှင့် မာယမ်တို့ကငြင်းဆိုထားပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး အမျိုးသား တာဝန်ခံမှု ဗျူရိုထံ အယူခံဝင်ရန်စီစဉ်နေသည်။ တရားရုံး၏ စီရင်ချက်ကို နာဝပ်ရှာရစ်က အပြစ်တင်ထားပြီး  ၎င်းအပေါ်စွပ်စွဲခြင်းသည် နိုင်ငံရေးအရ လုပ်ဆောင်ခြင်းသာ ဖြစ်သည်ဟုပြောသည်။

မာယမ်၏ခင်ပွန်း မူဟာမက်ဆက်ဒါသည် ပါကစ္စတန်နိုင်ငံ၌ရှိနေပြီး  အကျင့်ပျက်ခြစား မှုတိုက်ဖျက်ရေး အဖွဲ့ဝင် များက ၎င်းကို ဇူလိုင် ၈ ရက်တွင် ဖမ်းဆီးထားသည်။

 

Read 12 times Last modified on Wednesday, 11 July 2018 10:13