SJ WorldNews - шаблон joomla Авто

ဂျပန်သို့ မာရီယာမုန်တိုင်းချဉ်းကပ်လာခြင်းကြောင့် ဒေသခံ ၅၅၀၀၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းရန် အာဏာ ပိုင်များ တိုက်တွန်း

Wednesday, 11 July 2018 10:09 font size decrease font size decrease font size increase font size increase font size

တိုကျို  ဇူလိုင်  ၁၀

ဂျပန်နိုင်ငံသို့ မာရီယာတိုင်ဖွန်း မုန်တိုင်း ချဉ်းကပ်လာခြင်းကြောင့် အိုကီနာဝါစီရင်စုရှိ ဒေသခံ ၅၅၀၀၀ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက ဇူလိုင်၁၀ ရက်တွင် တိုက်တွန်းလိုက်သည်။

မာရီယာတိုင်ဖွန်းမုန်တိုင်းသည်  နိုင်ငံတောင်ပိုင်း ဆာကီရှီးမားကျွန်းစု အနီးသို့ ချဉ်းကပ် လာပြီဖြစ်ပြီး မုန်တိုင်း ဗဟိုချက် လေတိုက်နှုန်းမှာ တစ်စက္ကန့်လျှင် မီတာ ၅၀ ရှိသည်ဟု ဂျပန်မိုးလေ၀သဌာနက  ထုတ်ပြန်သည်။

ထို့ကြောင့် အိုကီနာဝါစီရင်စု မီယာကိုဂျီးမားမြို့ ရှိ ဒေသခံများ အနေဖြင့် ကြိုတင်ကာကွယ် မှုများလုပ်ဆောင် ထားရန်နှင့် ပင်လယ်ပြင်မှ အဝေးတွင်နေရန် သတိပေးထားသည်။

ဂျပန်နိုင်ငံ၌   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် နိုင်ငံအတွင်း၌ ရေကြီးမှုနှင့် မြေပြို မှုများဖြစ်ပွားခဲ့ရာ ယခုအခါ သေဆုံးသူဦးရေမှာ ၁၅၅ ဦးအထိမြင့်တက်လာပြီး လူ ၈၀ နီးပါး ပျောက် ဆုံး လျက်ရှိသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များ ကလည်း တစ်အိမ်တက်ဆင်းစနစ်ဖြင့် ဒုက္ခရောက်နေသူများကို ကူညီ ကယ်ဆယ်လျက်ရှိကြောင်း သိရသည်။          

Read 6 times Last modified on Wednesday, 11 July 2018 10:10