SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယားက နိုင်ငံအတွင်း ကျင်းပမည့် ရုပ်ရှင်ပွဲတော်၌ မြောက်ကိုရီးယား ရုပ်ရှင်များကို ပြသခွင့်ပြု

Wednesday, 11 July 2018 09:44 font size decrease font size decrease font size increase font size increase font size

ဆိုး    ဇူလိုင်    ၁၀

တောင်ကိုရီးယား အစိုးရက နိုင်ငံအတွင်း ကျင်းပမည့်ရုပ်ရှင်ပွဲတော်၌ မြောက်ကိုရီးယား ရုပ်ရှင်များကို ပြသခွင့်ပြုလိုက်ပြီဖြစ်သည်။

ကိုရီးယားနှစ်နိုင်ငံ   ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်မှုကြောင့် နှစ်နိုင်ငံအကြားနှစ်ပေါင်း များစွာကြာတင်းမာမှုများ ပြေလျော့ လာမှု၏ ပြယုဂ်အဖြစ်   တောင်ကိုရီးယား အစိုးရက  ဇူလိုင် ၁၀ ရက်တွင် ယခုကဲ့သို့ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

ဆိုးမြို့စွန်၌ ဇူလိုင်  ၁၂ ရက်မှစတင် ကျင်းပမည့် ဘူချွန် အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွင်  မြောက်ကိုရီးယား ရုပ်ရှင်ဇာတ်ကား သုံးကားနှင့် ဇာတ်လမ်းတိုရုပ်ရှင်ခြောက်ကား တို့ကိုပြသခွင့်ပြု လိုက်ခြင်းဖြစ်ကြောင်း ပွဲစီစဉ် သူများက ပြောသည်။

အဆိုပါ မြောက်ကိုရီးယား ရုပ်ရှင်များတွင် မိဘမဲ့မောင်နှမ သုံးယောက်က အတူတကွနေ ထိုင်နိုင်ရေးကြိုးပမ်း သည့် The  Story  of Our Home ဇာတ်ကားနှင့် မိုင်းတွင်း အလုပ်သမ တစ်ဦးက ကျွမ်းဘားမယ် ဖြစ်လာစေရေး လုပ်ဆောင်သည့်  Comrade  Kim  Goes Flying ဇာတ်ကားတို့လည်း  အပါအ၀င် ဖြစ်သည်။  ရုပ်ရှင်ပွဲတော် စီစဉ်သူ များသည် မြောက်ကိုရီးယားရုပ်ရှင် ထုတ်လုပ်သူများကိုပါ ဖိတ်ခေါ်သွားရန် စီစဉ်နေသော်လည်း တာဝန် ရှိသူများ၏  တရားဝင်အတည်ပြုချက်ကို စောင့်ဆိုင်းနေခြင်းဖြစ်သည်။

မြောက်ကိုရီးယား ယဉ်ကျေးမှုကို ပြည်သူလူထုသို့ပြသမှု သို့မဟုတ် မြောက်ကိုရီးယား ပုံစံများကို တောင်ကို ရီးယား နိုင်ငံသို့ သယ်ဆောင်မှုတို့သည်  တောင်ကိုရီးယား ပေါင်းစည်းရေး ၀န်ကြီးဌာနနှင့် ထောက်လှမ်း ရေး ဌာနအပါအ၀င်  ဌာနကြီးများ၏ ထောက်ခံ အတည်ပြုမှု လိုအပ်ကြောင်း သိရသည်။

Read 7 times Last modified on Wednesday, 11 July 2018 10:09