SJ WorldNews - шаблон joomla Авто

မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား ခြိမ်းခြောက်မှု ရှိသည့် နိုင်ငံ မဟုတ်တော့ဟု ထရမ့်ဆို

Thursday, 14 June 2018 11:56 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဇွန် ၁၃

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား ထိပ်သီးဆွေး နွေးပွဲကျင်းပနိုင်ခြင်းနှင့် ပတ်သက်၍ ထရမ့်က ကိုယ့်ကိုယ်ကိုယ်ဂုဏ်ပြုပြီး မြောက်ကိုရီး ယားနိုင်ငံက နျူက လီးယားခြိမ်းခြောက်မှုရှိသည့် နိုင်ငံမဟုတ်တော့ကြောင်း ဇွန် ၁၃ ရက်တွင်ပြောသည်။

ထရမ့်သည် ဝါရှင်တန်မြို့တော် အပြင်ဘက် မေရီလန်းပြည်နယ်ရှိ အန်ဒရူး စစ်အခြေစိုက် စခန်းသို့ ရောက် ရှိပြီးနောက် ယင်းသုံးသပ်ချက်ကို ထုတ်ပြန်ခြင်းဖြစ်သည်။ စင်ကာပူနိုင်ငံ၌ ပြုလုပ်သော ထရမ့်နှင့် ကင်ဂျုံအွန် တို့အကြား ထိပ်သီးဆွေးနွေးပွဲအတွင်း ကင်ဂျုံအွန်က နျူကလီးယား ကင်းစင်ရေး ကြိုးပမ်းဆောင်ရွက်ရန် သဘောတူသော်လည်း မည်ကဲ့သို့ ဆောင်ရွက်မည်ကိုမူ ပြောထားခြင်း မရှိကြောင်း သိရသည်။

လူတိုင်းအနေဖြင့် ၎င်းက သမ္မတအဖြစ် စတင်တာဝန် ထမ်းဆောင်သည့်နေ့ထက် ယခုအခါ ပိုမိုလုံခြုံမှုကို ခံစားရနိုင်ပြီး မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားခြိမ်းခြောက်မှု မရှိတော့ကြောင်း၊ ကင်ဂျုံအွန်နှင့်ဆွေး နွေးမှုက စိတ်ဝင်စားစရာကောင်းပြီး အပြုသဘောဆောင်သော တွေ့ဆုံမှု ဖြစ်ကြောင်းနှင့် မြောက်ကိုရီးယားက အနာဂတ်အတွက် အလားအလာ ကောင်းမွန်ကြောင်း ထရမ့်က ပြောသည်။

၎င်းအနေဖြင့် သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီ ဒေသခံများသည် မြောက်ကိုရီးယားနှင့် စစ်ပွဲဖြစ်ပွားမည် ဟုယူဆခဲ့ပြီး မြောက်ကိုရီးယားသည် အမေရိကန် ပြည်ထောင်စု၏ အကြီးဆုံးနှင့် အန္တ ရာယ်အများဆုံး ပြဿနာဖြစ်ကြောင်း သမ္မတဟောင်း အိုဘားမားက ပြောဆိုခဲ့သည်ဟု ထရမ့်က ပြောသည်။

Read 17 times Last modified on Thursday, 14 June 2018 11:57