SJ WorldNews - шаблон joomla Авто

အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲက တရုတ်နှင့် တရုတ်(တိုင်ပေ) အကြား ထိပ်သီး ဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟူသော အဓိပ္ပာယ် မသက်ရောက်ဟု တရုတ်ဆို

Thursday, 14 June 2018 08:28 font size decrease font size decrease font size increase font size increase font size

ပေကျင်း ဇွန် ၁၃

အမေရိကန် ပြည်ထောင်စုနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲသည် တရုတ်နှင့်တရုတ် (တိုင်ပေ)တို့အကြား ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်နိုင်မည်ဟူသော အဓိပ္ပာယ် မသက်ရောက် ကြောင်း တရုတ်အစိုးရက ဇွန် ၁၃ ရက်တွင် ပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့သည် ဇွန် ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ သမိုင်းဝင်ထိပ်သီး ဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်သမ္မတ ရှီ ကျင့်ဖျင်နှင့် တရုတ် (တိုင်ပေ)သမ္မတ မာယင်ကျိုးတို့ကလည်း ၂ဝ၁၅ ခုနှစ်တွင် ယင်းနိုင်ငံ၌ပင် သမိုင်းဝင် ဆွေးနွေးပွဲ ကျင်းပခဲ့ သည်။

သို့သော် တရုတ်(တိုင်ပေ)၌ ၂ဝ၁၆ ခုနှစ်တွင် ခွဲထွက်ရေးလိုလားသော ဒီမိုကရက်တစ် တိုးတက်ရေးပါတီမှ ဆိုင်ယင်းဝမ်က သမ္မတ ဖြစ်လာပြီးနောက် တရုတ်နှင့်တရုတ်(တိုင်ပေ) အကြား ဆက် ဆံရေးဆိုးဝါးလာပြီး ဆိုင်ယင်းဝမ်သည် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အသိအမှတ်ပြုရန် ငြင်းဆိုထားကြောင်း တရုတ်အစိုးရက ပြောသည်။

ထရမ့်နှင့်ကင်ဂျုံအွန်တို့၏ ထိပ်သီးဆွေးနွေးပွဲကြောင့် တရုတ်နှင့်တရုတ် (တိုင်ပေ)အကြားအလားတူ ထိပ်သီး ဆွေးနွေးပွဲပြုလုပ်နိုင်သည်ဟူသော ပြောဆိုမှုများကို တရုတ်နိုင်ငံ၏ တရုတ်(တိုင်ပေ)ရေး ရာရုံးမှ ပြောရေး ဆိုခွင့်ရှိသူ မာရှောင်ဂန်ကပယ်ချထားသည်။ ထို့ပြင်တရုတ်(တိုင်ပေ)ကိစ္စသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေး ကိစ္စသာဖြစ်ပြီး မြောက်ကိုရီးယား-အမေရိကန်ဆက်ဆံရေးနှင့် လုံးဝ ကွဲပြားကြောင်း မာရှောင်ဂန်က ပုံမှန် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြောင်း သိရသည်။

Read 10 times Last modified on Thursday, 14 June 2018 08:45