SJ WorldNews - шаблон joomla Авто

မလေးရှားက ဂျပန် အစိုးရထံမှ ချေးငွေ တောင်းခံ

Wednesday, 13 June 2018 09:17 font size decrease font size decrease font size increase font size increase font size

တိုကျို ဇွန် ၁၂

မလေးရှားအစိုးရသည် နိုင်ငံအတွင်း လက်ရှိ အသုံးပြုနေသည့် မီးရထားလမ်းများနှင့် ကုန်စည်စီးဆင်းမှု တိုးတက်ကောင်းမွန်စေရေး လုပ်ဆောင်ရန်အတွက် ဂျပန်အစိုးရထံမှ ချေးငွေေ တာင်းခံထားကြောင်း မလေးရှား ဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က ဇွန် ၁၂ ရက်တွင်ပြောသည်။

မလေးရှားနိုင်ငံသည် လက်ရှိနိုင်ငံခြား ကြွေးမြီပမာဏ လျှော့ချရေးကို လုပ်ဆောင်နေပြီး အဆိုပါဝန်ထုပ်ဝန်ပိုးမှ လွတ်မြောက်ပါက နှစ်နိုင်ငံစလုံးအတွက် အကျိုးအမြတ်ကို ဖြစ်ပေါ်စေ မည် ဖြစ်ကြောင်း မဟာသီယာမိုဟာ မက်က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံပြီးနောက် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ထို့ပြင် ကြွေးမြီပြဿနာကို ဖြေရှင်းနိုင်ခြင်းအားဖြင့် မလေးရှားနိုင်ငံသည် ဂျပန်ရင်းနှီးမြှုပ်နှံသူများအတွက် အလားအလာကောင်းမွန်သည့် ဈေးကွက်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း ၎င်း ကဆက်ပြောသည်။ သို့ရာတွင် ဂျပန်အစိုးရထံမှ ချေးငွေမည်မျှ တောင်းခံထားသည်ကို ထုတ်ဖော်ပြောခြင်း မရှိပေ။ မလေးရှားနိုင်ငံ၏ ချေးငွေတောင်းခံမှုကို စဉ်းစားမည်ဟု အာဘေးက ကတိပြုထားသည်။

မလေးရှားအစိုးရသည် အနာဂတ်တွင် မြန်နှုန်းမြင့် မီးရထားလမ်းစနစ်ကို အကောင်အထည်ဖော်ရန် စဉ်းစားထားသော်လည်း ကုန်ကျစရိတ် အလွန်များပြားသောကြောင့် လက်ရှိ အ သုံးပြုနေသည့် မီးရထားလမ်းများ ကိုသာ အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။ မလေးရှားနိုင်ငံသည် ဂျပန်အစိုးရက တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး အကူအညီများအဖြစ် ပေးအပ်သော အတိုးနှုန်းသက်သာသည့် ချေးငွေများနှင့် နည်းပညာ ပူးပေါင်းဆောင် ရွက်မှု အစီအစဉ်များမှ အကျိုးအမြတ် များစွာ ရရှိထားသည်။ ၁၉၆၉ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ မလေးရှား နိုင်ငံက အမေရိကန် ဒေါ်လာ ၇ ဒသမ ၈ ဘီလီယံ လက်ခံရရှိထားကြောင်း ဂျပန်နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီက ထုတ်ပြန်ထားသည်။

သို့ရာတွင် မလေးရှားနိုင်ငံ၏ ကြွေးမြီပမာဏသည် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ရင်းဂစ် ၁ ဒသမ ဝ၈၇ ထရီလီယံအထိ မြင့်တက်လာသည်။ ယင်းပမာဏမှာ နိုင်ငံ့ဂျီဒီပီ၏ ၈ဝ ရာခိုင်နှုန်းဖြစ်ပြီး ယခင်အစိုးရက ထုတ်ပြန်ထားသည့် ပမာဏထက် ၅ဝ ဒသမ ၈ ရာခိုင်နှုန်းပိုမို များပြားလျက်ရှိကြောင်း သိရသည်။

Read 1392 times Last modified on Wednesday, 13 June 2018 09:24