SJ WorldNews - шаблон joomla Авто

တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖိလစ်ပိုင် သမ္မတကို ရာထူးမှ ဖယ်ရှားခွင့် ပြုမည် မဟုတ်ဟု ဒူတာတေဆို

Thursday, 17 May 2018 11:53 font size decrease font size decrease font size increase font size increase font size

မနီလာ မေ ၁၆

တရုတ်အနေဖြင့် ဖိလစ်ပိုင် သမ္မတကို ရာထူးမှ ဖယ်ရှားခွင့်ပြုမည် မဟုတ်ဟု တရုတ် သမ္မတ ရှီကျင့်ဖျင်က အခိုင်အမာ ပြောထားကြောင်း ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေက မေ ၁၅ ရက်တွင် ပြောသည်။

တရုတ်အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ ပျက်စီးခြင်းကို ခွင့်ပြုမည် မဟုတ်ကြောင်း ရှီကျင့်ဖျင်က ပြောထားပြီး အဆိုပါ ပြောဆိုမှုက ၎င်းကိုအားတက်စေကြောင်း ဒူတာတေက ပြောသည်။ ခြောက်နှစ်ကြာ သမ္မတ သက်တမ်းတွင် ဒူတာတေ၏ သမ္မတ တာဝန် ထမ်းဆောင်မှုမှာ ဒုတိယနှစ်ကုန်သို့ ဝင်လာနေပြီဖြစ်ပြီး ဖိလစ်ပိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတကို သက်တမ်းတစ်ခုထက်ပို၍ တာဝန်ထမ်းဆောင်ခွင့် မပြုထားကြောင်း သိရသည်။

ထို့ပြင် ဒူတာတေသည် နောက်ထပ်သမ္မတ သက်တမ်းကို ထမ်းဆောင်ရန် မဟာမိတ်များ၏ တောင်းဆိုချက် များကိုမကြာခဏ ပယ်ချပြီး ၎င်း၏သမ္မတ သက်တမ်းကို တိုတောင်းရန်သာ ဆန္ဒရှိကြောင်း ပြောသည်။ ဒူတာ တေသည် ဧပြီ ၁ဝ ရက်တွင် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ရှိ အာရှဆိုင်ရာဘိုအောဖိုရမ်၏ ဘေးပန်း ဆွေးနွေးပွဲ၌ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခြင်းဖြစ်ပြီး ယင်းတွေ့ဆုံမှုသည် ၂ဝ၁၆ ခုနှစ် ဇွန်လအကုန်တွင် ဒူတာ တေကသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ်မှစ၍ ၎င်းတို့နှစ်ဦး၏ တတိယမြောက် တွေ့ဆုံမှုဖြစ်သည်။

ရှီကျင့်ဖျင်၏ ပြောဆိုမှုက ဒူတာတေ အနေဖြင့် တရုတ်နိုင်ငံမှ ချေးငွေအများအပြား အသုံးပြုနေမှု သို့မဟုတ် တောင်တရုတ် ပင်လယ်၌ တရုတ်၏ လုပ်ဆောင်ချက်များကို ပြစ်တင်ဝေ ဖန်ရန် တွန့်ဆုတ်နေမှုကြောင့် ဟုတ်၊ မဟုတ်ကို အတိုက်အခံ လစ်ဘရယ်ပါတီ ခေါင်းဆောင် အထက်လွှတ်တော်အမတ် ဖရန်စစ်ပန်ဂျီလင် က မေးမြန်းထားကြောင်း သိရသည်။

Read 47 times Last modified on Thursday, 17 May 2018 12:00