SJ WorldNews - шаблон joomla Авто

တရုတ်၏ လေယာဉ်တင် သင်္ဘောများ တည်ဆောက်မှု စိုးရိမ်ဖွယ် ကောင်းဟု ဂျပန် သတင်းစာတွင် ဖော်ပြ

Thursday, 17 May 2018 11:49 font size decrease font size decrease font size increase font size increase font size

တိုကျို မေ ၁၆

တရုတ်စစ်ဘက်က လေယာဉ်တင် သင်္ဘောများကို တိုးမြှင့်ထုတ်လုပ် လာမှုသည် ပြိုင်ဘက် အမေရိကန်ကို ယှဉ်ပြိုင်ပြီး စစ်ရေးအာဏာ တိုးမြှင့်ရေး မဟာဗျူဟာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု မှတ်ယူနိုင်ကြောင်း ဂျပန်နိုင်ငံထုတ် Yomiuri Shimbun သတင်းစာ အယ်ဒီတာ့ အာဘော်တွင် ဖော်ပြထားသည်။

ထို့ကြောင့် တရုတ်၏ လုပ်ဆောင်မှုသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အခြေအနေကို တစ်ဆစ်ချိုး ပြောင်းလဲ သွားစေနိုင်သည့်အတွက် စိုးရိမ်ဖွယ်ကောင်းပြီး သတိဝီရိယရှိစွာ စောင့် ကြည့်ရမည် ဖြစ်ကြောင်း အဆိုပါ သတင်းစာက ရေးသားထားသည်။ တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်း ဖြစ်လေယာဉ်တင် သင်္ဘောသည် ယခုအခါ ပင်လယ်ပြင် စမ်းသပ် ခုတ်မော င်းမှု လုပ်ဆောင်နေပြီဖြစ်သည်။ လာမည့်နှစ် အစောပိုင်းတွင် ရေ တပ်၌ စတင်တာဝန် ထမ်းဆောင်မည် ဖြစ်သည်။

တရုတ်နိုင်ငံအတွက် ပထမဆုံး လေယာဉ်တင် သင်္ဘောမှာ လျောင်နင်ဖြစ်ပြီး ၎င်းကို ယူကရိန်းနိုင်ငံမှ ဝယ်ယူ ကာ ပြည်တွင်း၌ ပြန်လည်မွမ်းမံ ထားခြင်းဖြစ်သည်။ ၎င်းကို ၂ဝ၁၂ ခုနှစ် တွင် တပ်တော် သွင်းခဲ့သည်။ တတိယမြောက် လေယာဉ်တင် သင်္ဘောကို ရှန်ဟိုင်းမြို့၌ တည်ဆောက်နေပြီး နျူကလီးယား စွမ်းအင် အသုံးပြု လေယာဉ်တင် သင်္ဘောတည်ဆောက် မည့် စီမံကိန်းမှာလည်း ရုပ်လုံး ပေါ်လာပြီဖြစ်သည်။

ထို့ပြင် တရုတ် အစိုးရသည် အနာဂတ်တွင် လေယာဉ်တင် သင်္ဘောလေးစင်း သို့မဟုတ် ထို့ထက်ပိုမိုများပြား သည့်ပမာဏအထိ ထုတ်လုပ်သွားမည်ဖြစ်သည်။ ရေငုပ်သင်္ဘောများနှင့် ဖျက်သင်္ဘောများ ပါဝင်သော လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေး အုပ်များဖြင့် စစ်ဆင်ရေး ဆောင်ရွက်နိုင်ရန်အထိ ရည်မှန်းထားသည်။ လေယာဉ်တင် သင်္ဘောတစ်စင်းကို တည်ေ ဆာက်ရာတွင် စွမ်းဆောင်ရည်ပိုင်းနှင့် ပတ်သက်၍ လုပ်ဆောင်ရ မည့်အရာများ အများအပြား ရှိသော်လည်း တရုတ်နိုင်ငံက ယခုကဲ့သို့ လေယာဉ်တင် သင်္ဘောများ ထုတ် လုပ်ရန်အ တွက် လျင်မြန်သော ကြိုတင်ပြင်ဆင်မှုများမှာ မကြုံစဖူး ထူးကဲသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကလည်း ရေတပ်အနေဖြင့် ကမ္ဘာ့အဆင့်မီ ရေတပ် တည်ဆောက်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းသွားရန် တိုက်တွန်းထားသည်။ အမေရိကန်၏ လွှမ်း မိုးမှုကို တုပရန် မဟာဗျူဟာ မြောက်ဒုံးကျည်များနှင့် ရေငုပ်သင်္ဘောများ ထုတ်လုပ်မှုနှင့်အတူ လေယာဉ်တင် သင်္ဘောများ တည်ဆောက်ခြင်းသည် စစ်ဘက်၏စွမ်းဆောင်ရည်ကို မြှင့်တင်ရန်အတွက် မရှိမဖြစ်အရေးကြီးသည့် အရာများ ဖြစ်ကြောင်း ရှီကျင့်ဖျင်က ယူဆထားသည်။

လက်ရှိ အမေရိကန် ရေတပ်တွင် လေယာဉ်တင်သင်္ဘော ၁၁ စင်းရှိပြီး ကမ္ဘာပေါ်တွင် လေယာဉ်တင် သင်္ဘောအများဆုံးကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် နောက်ထပ် လေယာဉ်တင် သင်္ဘောတစ်စင်းကိုလည်း တည်ဆောက်နေပြီ ဖြစ်သည်။ နယ်မြေပိုင်နက်နှင့် အခြားကိစ္စရပ်များတွင် တရုတ်နှင့် အငြင်းပွားမှုများ ဖြစ်ပွားနေသည့် အိန္ဒိယနိုင်ငံကလည်း ရေငုပ် သင်္ဘောတစ်စင်းကို တည်ဆောက်နေပြီး ၂ဝ၂၃ ခုနှစ်တွင် တာဝန်ပေးနိုင်ရန် စီစဉ်ထားသည်။ ထို့ကြောင့် တရုတ်နိုင်ငံ၏ လုပ်ဆောင်မှုသည် ဒေသတွင်းစစ်လက်နက် ပစ္စည်းပြိုင် ဆိုင်မှုတစ်ခု ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရပြီ ဖြစ်ကြောင်း Yomiuri Shimbun သတင်းစာက ရေးသားဖော်ပြ ထားသည်ဟု သိရသည်။

Read 20 times Last modified on Thursday, 17 May 2018 11:53