SJ WorldNews - шаблон joomla Авто

ဆီးရီးယားနိုင်ငံ၌ ဖေဖော်ဝါရီလတွင် ဖြစ်ပွားသော တိုက်ခိုက်မှုအတွင်း ကလိုရင်းဓာတ်ငွေ့ အသုံးပြုထားကြောင်း တွေ့ရှိ

Thursday, 17 May 2018 09:57 font size decrease font size decrease font size increase font size increase font size

သဟေ့ မေ ၁၆

ဆီးရီးယားနိုင်ငံ ဒိုမာမြို့၌ ဖေဖော်ဝါရီလတွင် ဖြစ်ပွားသော အဆိပ်ဓာတ်ငွေ့ဖြင့် တိုက်ခိုက်ခံရမှု၌ ကလိုရင်း ဓာတ်ငွေ့အသုံးပြုထားသည်ကိုတွေ့ရကြောင်း ကမ္ဘာလုံးဆိုင်ရာ လက်နက် ကျွမ်းကျင် ပညာရှင်များက မေ ၁၆ ရက်တွင် အတည်ပြု ပြောဆိုထားသည်။

ဖေဖော်ဝါရီလတွင် ဖြစ်ပွားသော တိုက်ခိုက်မှုနှင့် ပတ်သက်၍ ဆာရာကပ်မြို့အနီး အယ်တာလယ်မြို့၌ လူလုပ်ပယောဂကြောင့် ဓာတ်ငွေ့အိုးများမှ ကလိုရင်းဓာတ်ငွေ့များ ထွက်ရှိခဲ့ခြ င်းဖြစ်ကြောင်း ဓာတုလက် နက်အသုံးပြုမှုတားမြစ်ရေး အဖွဲ့အစည်း (OPCW)က အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

ရှာဖွေတွေ့ရှိခဲ့သော ဓာတ်ငွေ့အိုးနှစ်လုံးတွင် ကလိုရင်းဓာတ်ငွေ့များ ပါရှိကြောင်းနှင့် ပတ်ဝန်းကျင်နမူနာ အချို့ကို စစ်ဆေးချက်အရ လေထုအတွင်း ကလိုရင်းဓာတ်ငွေ့များ မူမမှန်စွာ ပါရှိနေသည်ကိုတွေ့ရကြောင်း OPCW က ၎င်းအစီရင်ခံစာတွင် ရေးသားထားသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ဆေးဝါးကုသမှု ခံယူနေရသည့် လူနာများတွင် ကလိုရင်းဓာတ်ငွေ့ ရှူရှိုက်မိ၍ အဆိပ်သင့်သော လက္ခဏာများကို တွေ့ရှိရကြောင်း OPCW က တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောသည်။ သို့သော် ခုနစ်နှစ်ကြာ ဖြစ်ပွားနေသော ဆီးရီးယား ပြည်တွင်းစစ်အတွင်း မည်သည့်အဖွဲ့က ကလိုရင်းဓာတ်ငွေ့အသုံးပြုသည်ကိုမူ OPCW က ထုတ်ဖော်ပြောဆိုထားခြင်း မရှိပေ။

ဆီးရီးယားအစိုးရသည် ဆာရာကပ်မြို့ကို ဝင်ရောက်စီးနင်း တိုက်ခိုက်ပြီးနောက် ဒေသခံ ၁၁ ဦးသည် အသက်ရှူရခက်ခဲ့သည့် ဝေဒနာကို ခံစားရကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်ရေး အဖွဲ့ကပြောသည်။ မည်သည့် အခြေအနေတွင် မည်သည့် အကြောင်းပြချက်ဖြင့် မည်သူ တစ်ဦးတစ်ယောက်၏ အဆိပ်ရှိသော ဓာတု လက်နက် အသုံးပြုမှုကို လုံးဝရှုတ်ချကြောင်း OPCW အကြီးအ ကဲ အာမက်အူဇမ်တူက ပြောသည်။

Read 15 times Last modified on Thursday, 17 May 2018 10:01