SJ WorldNews - шаблон joomla Авто

အမေရိကန်၏ ပိတ်ဆို့မှုမှ ကာကွယ်နိုင်ရေး အတွက် အီရန်မှ ရေနံကို ယူရိုငွေဖြင့် ဝယ်ရန် ဥရောပ သမဂ္ဂ စီစဉ်

Thursday, 17 May 2018 09:52 font size decrease font size decrease font size increase font size increase font size

မော်စကို မေ ၁၆

ဥရောပသမဂ္ဂနှင့် အီရန်တို့အကြား ချမှတ်ထားသည့် သဘောတူညီချက်များအပေါ် ကျရောက်လာနိုင်သော အမေရိကန်အစိုးရ၏ ပိတ်ဆို့မှုများကို ကာကွယ်နိုင်ရေးအတွက် အီရန်မှရေနံ ဝယ်ယူရာတွင် ဒေါ်လာငွေ ကြေးအစား ယူရိုငွေကြေးကိုအသုံးပြုရန် ဥရောပ သမဂ္ဂက စီစဉ်နေကြောင်း ရုရှားသတင်းဌာန တစ်ခုက မေ ၁၆ ရက်တွင်ဖော်ပြသည်။ အီရန်နိုင်ငံသည် တစ်ရက်လျှင် ရေနံစိမ်းစည် လေးသိန်းခွဲကို ဥရောပသို့ လည်းကောင်း၊ ၁ ဒသမ ၈ သန်းခန့်ကို အာရှဒေသသို့ လည်းကောင်း တင်ပို့နေသည်။ အနောက်နိုင်ငံများက အီရန်နိုင်ငံအပေါ် သို့ ချမှတ်ထားသော အရေးယူပိတ်ဆို့မှုအချို့ကို ရုပ်သိမ်းပေးလိုက်သည့် ၂ဝ၁၆ ခုနှစ်မှစ၍ တစ်ရက်လျှင် ရေနံစည်တစ်သန်းအထိ တိုးမြှင့်ထုတ်လုပ်လာသည်။

အီရန်မှရေနံကို အဓိကဝယ်ယူနေသည့် ဥရောပနိုင်ငံများတွင် အီတလီ၊ ပြင်သစ်၊ စပိန်၊ ပိုလန်နှင့် တူရကီ တို့ပါဝင်သည်။ တူရကီသည် အီရန်မှ ရေနံအများဆုံး တင်သွင်းသည့်နိုင် ငံဖြစ်ပြီး ဂရိနှင့်ပြင်သစ်နိုင်ငံတို့က ဒုတိယနှင့် တတိယနေရာတွင် ရပ်တည်နေသည်။ အမေရိကန် အစိုးရသည် အီရန်နှင့် ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့ လက်မှတ်ထိုးထားသည့် နျူကလီးယား သဘောတူစာချုပ်မှ နုတ်ထွက်ပြီးနောက် အီရန်အ ပေါ် အရေးယူ ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်သည်။ ထို့ပြင်အီရန်နှင့် စီးပွားရေးအရ ဆက်ဆံနေခြင်းကို လျှော့ချရန် အမေရိကန် ကုမ္ပဏီများကိုလည်း တိုက်တွန်းထားသည်။ ဆက်လက်ပြီး အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုကို ချိုးဖောက်သည့် နိုင်ငံများကိုလည်း အရေးယူမည်ဟု သတိပေးထား သည်။

အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့မှုသည် အီရန်၏ ရေနံတင်ပို့ခြင်းကို ယခုနှစ်နိုဝင်ဘာလခန့်တွင် ရပ်ဆိုင်း စေနိုင်သည်ဟု ကျွမ်းကျင်သူများ ခန့်မှန်းထားသော်လည်း အရေးယူပိတ် ဆို့မှုကြောင့် အီရန်၏ရေနံ တင်ပို့မှုကို ထိခိုက်စေမည်မဟုတ်ဟု အီရန်ရေနံဝန်ကြီး ဘီဂျန်ဇန်ဂီနေးက ပြောသည်။ အီရန်နှင့် အနောက် နိုင်ငံများအကြားချမှတ်ထားသည့် ကုန်သွယ်ရေး သဘောတူညီချက်များကို ဆက်လက်ထိန်းသိမ်းရေး အတွက် အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဇာရစ်က မေ ၁၅ ရက်တွင် ဘရပ်ဆဲမြို့၌ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့မှ နိုင်ငံခြားေ ရးဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Read 14 times Last modified on Thursday, 17 May 2018 09:56