SJ WorldNews - шаблон joomla Авто

ဖမ်းဆီးထားသည့် ရဲမေနှစ်ဦးကို အဘူဆေယက် စစ်သွေးကြွ အဖွဲ့ ပြန်လွှတ်ပေး

Thursday, 17 May 2018 08:51 font size decrease font size decrease font size increase font size increase font size

မနီလာ မေ ၁၆

အဘူဆေယက် စစ်သွေးကြွ အဖွဲ့သည် ၎င်းတို့ဖမ်းဆီးထားသည့် ရဲမေနှစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ် ကြောင်း ဖိလစ်ပိုင်အမျိုးသား ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် အော်စကာ အယ်ဘာယေ့က မေ ၁၆ ရက်တွင် ပြောသည်။

စစ်သွေးကြွများသည် အဆိုပါ ရဲတပ်ဖွဲ့ဝင်များကို ဧပြီ ၂၉ ရက်တွင် နိုင်ငံတောင်ပိုင်း ဆူးလူးပြည်နယ် ဂျိုဂျိုမြို့မှ ဖမ်းဆီးခေါ်ဆောင် သွားခြင်းဖြစ်ကြောင်း ရဲအရာရှိ ဘားနီရို့ အယ်ဗာ ရက်က ပြောသည်။ ရဲမေနှစ်ဦး နှင့်အတူ ဖမ်းဆီးခံရသည့် အခြားဓားစာခံနှစ်ဦးကိုလည်း စစ်သွေးကြွအဖွဲ့က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဖမ်းဆီးသွားသည့် စစ်သွေးကြွ အဖွဲ့ကို ရှာဖွေနိုင်ရန် အတွက် ဖိလစ်ပိုင်စစ်ဘက်က ပြီးခဲ့သည့် ရက်သတ္တပတ်အကုန်တွင် ထိုးစစ်ဆင် တိုက်ခိုက်မှုများ လုပ်ဆောင်သည်။

သို့သော် အသေးစိတ်ကိုမူ စစ်ဘက်ကထုတ်ပြန်ထားခြင်း မရှိပေ။ အဘူဆေယက်အဖွဲ့သည် ဖိလစ်ပိုင်ရှိ အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွ အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အနောက်မင်ဒါ နာအို ပြည်နယ်၌ ဖမ်းဆီး ပြန်ပေးဆွဲခြင်း၊ ဗုံးခွဲတိုက်ခိုက်ခြင်းနှင့် ဓားစာခံများကို ခေါင်းဖြတ်သတ်ခြင်းတို့ လုပ်ဆောင်ကြောင်း သိရ သည်။

Read 27 times Last modified on Thursday, 17 May 2018 08:54