SJ WorldNews - шаблон joomla Авто

ဥရောပ နိုင်ငံများနှင့် ဆွေးနွေးခြင်းက နျူကလီးယား သဘောတူ စာချုပ်ကို ထိန်းသိမ်းရန် မှန်ကန်သည့် လမ်းကြောင်း ဖြစ်ဟု အီရန်ဆို

Wednesday, 16 May 2018 11:35 font size decrease font size decrease font size increase font size increase font size

ဘရပ်ဆဲ မေ ၁၅

အီရန် နျူကလီးယား သဘောတူ စာချုပ်မှ အမေရိကန် နုတ်ထွက် သွားသော်လည်း အဆိုပါ သဘော တူစာချုပ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရေးအတွက် ဥရောပ နိုင်ငံများနှင့် ဆွေးနွေးခြင်းသည် မှန်ကန်သည့် လမ်းကြောင်း ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးက မေ ၁၅ ရက်တွင် ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲနှင့် တွေ့ ဆုံပြီးနောက် ပြောသည်။

အီရန်နျူကလီးယား သဘောတူစာချုပ်မှ အမေရိကန် နုတ်ထွက်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကြေညာပြီးနောက် အဆိုပါ စာချုပ်၌ ဆက် လက် ပါဝင်မည် ဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကဆိုသည်။ အီရန်သည် နျူကလီးယား သဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို လိုက်နာသည့် အတွက် ထိုသဘောတူစာချုပ်နှင့် လက်တွဲမဖြုတ်ဘဲ ဆက်ရှိနေမည်ဟု ဥရောပသမဂ္ဂ အဖွဲ့ဝင် အင်အားကြီးနိုင်ငံများက ပြောသည်။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများသည် အီရန်နျူကလီးယား သဘောတူစာချုပ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရန် အတူတကွ ဆောင်ရွက်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်နှင့် မေ ၁၅ ရက် နံနက်ပိုင်းတွင်တွေ့ဆုံခဲ့သည့် ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဖက်ဒရီကာမိုဂီရီနီက ပြောသည်။ ဖက်ဒရီကာ မိုဂီရီနီနှင့် တွေ့ဆုံမှုသည် အပြုသဘောဆောင်ပြီး ကောင်းမွန်သော ဆွေးနွေးပွဲဖြစ်ကြောင်း၊ အီရန်နျူကလီးယား သဘောတူစာချုပ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရန် မှန်ကန်ေ သာလမ်းကြောင်း ပေါ်တွင် ရောက်ရှိနေပြီဖြစ်ကြောင်း မိုဟာမက်ဂျာဗက်ဇာရစ်က ဆိုသည်။

Read 41 times Last modified on Wednesday, 16 May 2018 11:38