SJ WorldNews - шаблон joomla Авто

ပါလက်စတိုင်း ဆန္ဒပြသူများကို အစ္စရေး၏ ဖြိုခွင်းမှုအပေါ် ဆန့်ကျင်သည့် တူရကီက အမေရိကန်နှင့် အစ္စရေးတို့ရှိ သံအမတ်များကို ပြန်ခေါ်

Wednesday, 16 May 2018 10:10 font size decrease font size decrease font size increase font size increase font size

အန်ကာရာ မေ ၁၅

ဂါဇာကမ်းမြောင်ဒေသ၌ ဖြစ်ပွားနေသည့် ပါလက်စတိုင်း ဆန္ဒပြသူများကို အစ္စရေးက အပြင်းအထန် ဖြိုခွင်းနေပြီး ယင်းသို့ဖြိုခွင်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် တူရကီ အစိုးရက အမေရိကန် ပြည်ထောင်စု နှင့်အစ္စရေးတို့မှ ၎င်းတို့၏ သံအမတ်များကို ပြန်လည်ခေါ်ယူလိုက်သည်။

အမေရိကန် ပြည်ထောင်စုက ၎င်းတို့၏ အစ္စရေးနိုင်ငံဆိုင်ရာ သံရုံးကို ဂျေရုဆလင်သို့ ရွှေ့ပြောင်းခြင်းအပေါ် ဆန္ဒပြသည့် ပါလက်စတိုင်းပြည်သူများကို အစ္စရေးက ဖြိုခွင်းခြ င်းကြောင့် အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၅၉ ဦးသေဆုံးပြီး ၃ဝဝဝ နီးပါး ဒဏ်ရာရရှိသည်။ ထို့နောက် တူရကီသမ္မတ ရီဆပ်တေယစ် အာဒိုဂန်က အမေရိကန်နှင့် အစ္စရေး ရှိ တူရကီ သံအမတ်များကို တိုင်ပင်ဆွေးနွေးရန်အတွက် နိုင်ငံအတွင်းသို့ ပြန်လည် ခေါ်ယူလိုက်ခြင်းဖြစ်သည်။ ပါလက်စတိုင်း ပြည်သူများကို ဖိနှိပ်နေမှုအပေါ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၌ အရေးပေါ် ဆွေးနွေးပွဲ ပြုလုပ်ရန် အဆိုပြု၍ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များနှင့်လည်း ဆွေးနွေးမည်ဖြစ်ကြောင်း အာဒိုဂန်က ဗြိတိန်သို့သွားစဉ် NTV ရုပ် သံနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း၌ ပြောသည်။

တစ်ချိန်တည်းမှာပင် အစ္စရေး၏ လုပ်ဆောင်ချက်များကို ကန့်ကွက်သည့် အနေဖြင့် တောင်အာဖရိက အစိုးရကလည်း ၎င်းတို့၏ အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကို ပြန် လည်ခေါ်ယူလိုက်သည်။ အလားတူ အစ္စရေး နှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ကြရန် တူရကီဝန်ကြီးချုပ် ဘီနာလီယီဒီရင်က အခြားမူဆလင်နိုင်ငံများကို တိုက်တွန်း ထားကြောင်း သိရသည်။

Read 43 times Last modified on Wednesday, 16 May 2018 10:15