SJ WorldNews - шаблон joomla Авто

ဘရာဇီး၌ ထောင်ဖောက် ထွက်ပြေးရန် ကြိုးပမ်းမှုအတွင်း ၂၁ ဦးသေဆုံး

Thursday, 12 April 2018 12:52 font size decrease font size decrease font size increase font size increase font size

ရီယိုဒီဂျနေးရိုး     ဧပြီ      ၁၁

ဘရာဇီးနိုင်ငံမြောက်ပိုင်းရှိ အကျဉ်းထောင်တစ်ခု၌ ဧပြီ ၁ဝ ရက်တွင် ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းမှုအတွင်း လူ ၂၁ ဦးသေဆုံးကြောင်း ဧပြီ ၁၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ အကျဉ်းသားများသည် ထောင်နံရံကိုဖောက်ကာ အပြင်သို့ထွက်ပြေးရန် ကြိုးပမ်းမှုကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ပါရာပြည်နယ် ဘီလမ်မြို့ သစ်တောတစ်ခုအနီးရှိ  ဆန်တာအိုင်ဇာဘယ် အကျဉ်းထောင်၌ ထောင်ဖောက်ကာ ထွက်ပြေးရန်ကြိုးပမ်းသည့် အကျဉ်းသားများနှင့် အပြင်ဘက်ရှိအဖွဲ့တို့က လက်နက်ငယ်များ ကိုင်ဆောင်ကာ အကျဉ်းထောင်စောင့်များနှင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြောင်းပါရာပြည်နယ်လုံခြုံရေးဌာနက ဖော်ပြထားသည်။

အကျဉ်းသားများ ထောင်ဖောက်ထွက်ပြေးရန် ကြိုးပမ်းမှုကို အကြမ်းဖက်အဖွဲ့က ကူညီထောက်ပံ့ပေးနေခြင်း ဖြစ်ပြီး ထောင်အတွင်းရှိ အကျဉ်းသားများ၌ လက်နက်များ ရှိနေခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်အတွင်း အကျဉ်းထောင်ရှိ လုံခြုံရေးအစောင့်များက ပြင်းပြင်းထန်ထန် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဆက်လက် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်တွင် အကျဉ်းသား များနှင့် အပြင်ဘက်ရှိ တိုက်ခိုက်ရေးသမားများ စုစုပေါင်း အယောက် ၂ဝ နှင့်  လုံခြုံရေးအစောင့် တစ်ဦးတို့ သေဆုံးပြီး ဒဏ်ရာရရှိခဲ့သည့် လုံခြုံရေးငါးဦးအနက်  တစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း  သိရသည်။                

Read 25 times Last modified on Thursday, 12 April 2018 12:53