Print this page

အီရန်အပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများ ဖြေလျှော့ပေးခြင်းကို ထရမ့်သက်တမ်း တိုးမြှင့်မည်

Saturday, 13 January 2018 09:18 font size decrease font size decrease font size increase font size increase font size

ဝါရှင်တန် ဇန်နဝါရီ ၁၂

၂ဝ၁၅ ခုနှစ်အတွင်း အီရန်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား ရရှိထားသည့် နျူကလီးယား သဘောတူညီချက်အရ အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများဖြေ လျှော့ပေးခြင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သက်တမ်းတိုးမြှင့် သွားမည်ဖြစ်ပြီး  နျူကလီးယား သဘောတူညီချက်ကို မူလအတိုင်းထားရှိမည်ဟု အမေရိကန်အစိုးရနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထရမ့်သည် အီရန်နျူကလီးယား သဘောတူညီချက်ကို ဖျက်သိမ်းရန် အစောပိုင်းတွင် ဆုံးဖြတ်ခဲ့ပြီး အဆိုပါ သဘောတူညီချက်တွင် တိုးတက်မှုများ ထွက်ပေါ်လာရေး လုပ်ဆောင်ရန် ကွန်ဂရက်နှင့် ဥရောပရှိ လုပ်ဖော်ကိုင်ဖက် နိုင်ငံများအား အချိန်တစ်ခု သတ်မှတ်ပေးမည် ဖြစ်သည်။  နျူကလီး ယား သဘောတူညီချက်တွင် တိုးတက်မှုများ ထွက်ပေါ်လာခြင်းမရှိပါက ထရမ့်အနေဖြင့် အဆိုပါသဘောတူညီချက်မှ နုတ်ထွက်မည်ဟူသော ခြိမ်းခြောက်မှုကို ပြန်လည်လုပ်ဆောင် သွားမည်ဖြစ်သည်။ ထရမ့်သည် အီရန် အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများဖြေလျှော့ပေးရေးကို ဇန်နဝါရီ ၁၂ ရက်နောက်ဆုံးထား၍ ဆုံးဖြတ်ပြီး အကယ်၍ အမေရိကန် အစိုးရအနေဖြင့် ပိတ်ဆို့မှုများကို ဖြေလျှော့ခြင်းမရှိဘဲ ဆက်လက်ချုပ်ကိုင် ထားမည်ဆိုပါက အီရန်၏နျူကလီးယားအစီ အစဉ်အပေါ် ကန့်သတ်ထားသည့် သဘောတူညီချက်မှာ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း သိရသည်။ အီရန်အပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကို ထရမ့်က ဖြေလျှော့ပေးရန် သဘောတူသော်လည်း ယင်းနိုင်ငံအတွင်းရှိ အဖွဲ့အစည်းအချို့အပေါ် ပိတ်ဆို့မှုများဆက်လက် ချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

Read 115 times Last modified on Saturday, 13 January 2018 09:27