SJ WorldNews - шаблон joomla Авто

ရုရှားစစ်အခြေစိုက် စခန်းများကို မောင်းသူမဲ့ လေယာဉ်များဖြင့်တိုက်ခိုက်ခြင်းသည် ကြိုတင်ပြင်ဆင်သော တိုက်ခိုက်မှုဟု ပူတင်ဆို

Saturday, 13 January 2018 09:13 font size decrease font size decrease font size increase font size increase font size

မော်စကို ဇန်နဝါရီ ၁၂

ဆီးရီးယားနိုင်ငံရှိ ရုရှားစစ်အခြေစိုက် စခန်းများကို မောင်းသူမဲ့လေယာဉ်များအသုံး ပြု၍တိုက်ခိုက်မှုသည် ကြိုတင်ပြင်ဆင်သော တိုက်ခိုက်မှုဖြစ်သည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောသည်။ လတ်တာကီးယားပြည် နယ်ရှိ မေမင်လေတပ် အခြေစိုက်စခန်းနှင့် တားတပ်ရေတပ် အခြေစိုက်စခန်းတို့၌ ဖြစ်ပွားသည့် အဆိုပါ တိုက်ခိုက်မှုတွင် တူရကီပါဝင်ခြင်းမရှိကြောင်းနှင့် ယင်းတိုက်ခိုက်မှုကို လုပ်ဆောင်နိုင်ရန် မည်သည့်နိုင်ငံက ထောက် ပံ့ပေးသည်ကို ရုရှားကသိထားကြောင်း ပူတင်က ရုရှားနိုင်ငံရှိ သတင်းမီဒီယာများမှ အမှုဆောင်အယ်ဒီတာများနှင့် တွေ့ဆုံစဉ်ပြောခြင်းဖြစ်သည်။ ယခုလ အစောပိုင်းတွင်ဖြစ်ပွားသည့် အဆိုပါတိုက်ခိုက်မှုသည် ရုရှားနှင့်လုပ်ဖော် ကိုင်ဖက်နိုင်ငံများဖြစ်သည့် အီရန်၊ တူရကီတို့အကြားရှိ ဆက်ဆံရေးပျက်စီးရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်းနှင့် ရုရှားစစ်ဘက်အနေဖြင့် ဆီးရီးယားရှိ ၄င်းတို့၏ စစ်အခြေစိုက်စခန်းများ ကာကွယ်ရေးအတွက် လိုအပ်သည်များကို ထပ်မံပြင်ဆင်ထားသည်ဟု ပူတင်ကဆက်ပြောသည်။ ထို့ပြင် တိုက်ခိုက်မှုတွင် အသုံးပြုခဲ့သည့် မောင်းသူမဲ့ လေယာဉ်များကို မည်သည့်အချိန်တွင် မည်သည့်နေရာမှ လွှဲပြောင်းပေးခဲ့သည်နှင့် ယင်းသို့ လွှဲပြောင်းပေးလိုက်သည့် မောင်းသူမဲ့ လေယာဉ်အရေအတွက်ကိုလည်း သိရှိထားကြောင်း ပူတင်က ဆွေးနွေးပွဲ၌ ပြောသည်။ ရုရှားလေတပ် အခြေစိုက်စခန်းကို တိုက်ခိုက်ရာတွင် စစ်သွေးကြွများက မောင်းသူမဲ့လေယာဉ် ၁၃ စင်းအသုံးပြုထားပြီး ၄င်းတို့အနက် ခုနစ်စင်းကို ရုရှားတပ်ဖွဲ့ဝင်များကပစ်ချနိုင်ခဲ့ကာ ကျန်ခြောက်စင်းကို မြေပြင်သို့အပျက်အစီးမရှိဘဲ ဆင်းသက်လာစေရန် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

Read 30 times Last modified on Saturday, 13 January 2018 09:18