SJ WorldNews - шаблон joomla Авто

ဂရိနိုင်ငံ၌ ဆန္ဒပြမှုများဖြစ်ပွားသဖြင့် အေသင်မြို့ရှိ မြေအောက် မီးရထားလမ်းများ ပိတ်ထားရ

Saturday, 13 January 2018 08:12 font size decrease font size decrease font size increase font size increase font size

အေသင် ဇန်နဝါရီ ၁၂

ဂရိနိုင်ငံ၌ အာမခံငွေပြန်ပေးရေးနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၅ ရက်တွင် လွှတ်တော်က ထောက်ခံအတည်ပြုမည့် ပြုပြင်ပြောင်းလဲမှု ဆိုင်ရာမူကြမ်းကို ဆန့်ကျင်ဆန္ဒပြမှုများဖြစ် ပွားလျက်ရှိရာ အေသင်မြို့ရှိ မြေအောက်မီးရထား လမ်းများ ပိတ်ထားရကြောင်း သိရသည်။ ဂရိနိုင်ငံ၌ မြေအောက်မီးရထားကို နေ့စဉ်ခရီးသည် ကိုးသိန်းကျော် စီးနင်းသွားလာလေ့ရှိပြီး ၄င်းမီးရထားလမ်းကို ပိတ်ရခြင်းသည် ၂ဝ၁၈ ခုနှစ်အစတွင် ပထမဆုံး သွားလာရေး ကသောင်းကနင်းဖြစ်မှု ဖြစ်သည်။ ထို့အတူ အလုပ်သမားများက ဆန္ဒပြပွဲများတွင် ပါဝင်နေသဖြင့် သင်္ဘောခရီးစဉ်များကိုလည်း ပြေးဆွဲနိုင်မှုမရှိခြင်းကြောင့် သွားလာရေးခက်ခဲမှုကြောင့် အစိုးရဆေးရုံများတွင်လည်း ဆရာဝန် များနှင့် အမှုထမ်းများက နေအိမ်မှလမ်းလျှောက်လာရသဖြင့် ဝန်ထမ်းအင်အား လုံလောက်မှုမရှိကြောင်း သိရသည်။ လွှတ်တော်က ဇန်နဝါရီ ၁၅ ရက်တွင်အတည်ပြုထောက်ခံမည့် မူကြမ်းသည် မိသားစုဝင်များ၏ အကျိုးအမြတ် ခံစားရရှိမှုများကို လျှော့ချမည်ဖြစ်ပြီး ချေးငွေများ ပြန်ဆပ်ရန် ရက်လွန်နေခြင်းကိုလည်း ခွင့်ပြုမည်မဟုတ်ဟု သိရသည်။ အဆိုပါမူကြမ်းသည် ၂ဝ၁ဝ ပြည့်နှစ်တွင် ဒေဝါလီခံရပြီး ကတည်းက နိုင်ငံတကာ ထောက်ပံ့မှုများနှင့် ရပ်တည်နေရသည့် ဂရိပြည်သူများစွာကို စိတ်ဆိုးဒေါသထွက်စေခဲ့သည်။ ဆန္ဒပြမှုတွင် PAME သမဂ္ဂမှအဖွဲ့ဝင်သုံးပုံတစ်ပုံပါဝင်ပြီး ၄င်းတို့သည် အေသင်မြို့လယ်၌ဆန္ဒပြရန် စီစဉ်ထားကြောင်း သိရသည်။ လက်ဝဲယိမ်းအစိုးရက အာမခံငွေပြန်ပေးရေး အစီအစဉ်ကို ဖျက်သိမ်းရန်ကြိုးပမ်းနေကြောင်း၊ အစိုးရ၏ ပြုပြင်ပြောင်းလဲရေးမူကြမ်းကို ကန့်ကွက်ရန်အတွက် လူငယ်အားလုံးက တက်တက်ကြွကြွ ပါဝင်လာကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သူ တစ်ဦးဖြစ်သော ဟိုတယ်ဝန်ထမ်း တစ်ဦးဖြစ်သည့် နီကိုပါပါဂျော်ဂျီယူက ပြောသည်။ PAME သမဂ္ဂအဖွဲ့ဝင်များသည် ဇန်နဝါရီ၁၁ ရက်ညနေပိုင်းတွင် ဘဏ္ဍာရေးဝန်ကြီးဌာန အပြင်ဘက်၌ စုဝေးဆန္ဒပြကြသည်။ ယခုရက် သတ္တပတ် အစောပိုင်းတွင် ဒေါသထွက်နေသော ဆန္ဒပြသူလူအုပ်ကြီးသည် အလုပ်သမား ဝန်ကြီးဌာနသို့သွားရောက်ပြီး အဆိုပါမူကြမ်းကို အစိုးရအနေဖြင့် ဖျက်သိမ်းပေးရန် တောင်းဆိုကြောင်း သိရသည်။

Read 125 times Last modified on Saturday, 13 January 2018 08:19