SJ WorldNews - шаблон joomla Авто

တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် တရုတ်သို့ သွားမည်

Thursday, 07 December 2017 13:44 font size decrease font size decrease font size increase font size increase font size

ဆိုး ဒီဇင်ဘာ ၆

တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်က လာမည့်ရက်သတ္တပတ်တွင် တရုတ်နိုင်ငံသို့ သွားမည်ဖြစ်ကြောင်းနှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုများ မြင့်တက်နေစဉ် မွန်ဂျေးအင်၏ တရုတ်နိုင်ငံသို့ သွားမည့်ခရီးစဉ် ထွက်ပေါ် လာခြင်းဖြစ်သည်။ မွန်ဂျေးအင်နှင့် ရှီကျင့်ဖျင်တို့သည် ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယား ကင်းစင်ရေးနှင့် ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ပြီး မွန်ဂျေးအင်၏ ပြောရေးဆိုခွင့်ရှိသူ ပါ့ဆူးဟွန်က ဒီဇင်ဘာ ၆ ရက်တွင် ပြောသည်။ အဆိုပါ သမ္မတနှစ်ဦးသည် နိုဝင်ဘာလတွင် ဗီယက်နမ်နိုင်ငံ၌ ပြုလုပ်သော အာဆီယံ ခေါင်းဆောင်များ ညီလာခံ၌ နောက်ဆုံးအကြိမ် တွေ့ဆုံထားပြီး ယခုလာမည့် တွေ့ဆုံမှုသည် ၎င်းတို့နှစ်ဦးအတွက် တတိယ အကြိမ်တွေ့ဆုံမှု ဖြစ်လာမည်ဖြစ်သည်။ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့၏ ဆက်ဆံရေးသည် တောင်ကိုရီးယားက မြောက်ကိုရီးယား၏ အန္တရာယ်မှ ကာကွယ်ရန် ဟူသော အကြောင်းပြချက်ဖြင့် အမေရိကန် ပြည် ထောင်စု၏ စွမ်းအားမြင့်လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဖြန့်ကြက်ပြီးနောက် တင်းမာမှုများ မြင့်တက် လာခြင်းဖြစ်သည်။ ထို့နောက် တရုတ်နိုင်ငံက တောင်ကိုရီးယားသို့ ခရီး သွားလာခွင့်ကို ကန့်သတ်လိုက်သည့်အတွက် တောင်ကိုရီးယားနိုင်ငံ၏ အဓိကစီးပွားရေး တစ်ခုကဲ့သို့ ဖြစ်နေသည့် ခရီးသွားလာရေး လုပ်ငန်းတွင် ဝင်ငွေများစွာ လျော့နည်းသွားသည်။ သို့သော် မကြာသေးမီက တောင်ကိုရီးယား သံ တမန်တစ်ဦး တရုတ်နိုင်ငံသို့ လာရောက်ပြီးချိန်တွင် တရုတ်ကကန့်သတ်ထားသည့် ခရီးသွားလာခွင့် တားမြစ်မှုများအနက် အချို့ကို ပြန်လည် ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။

Read 7 times Last modified on Thursday, 07 December 2017 13:48