SJ WorldNews - шаблон joomla Авто

အင်ဒိုနီးရှားတွင် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်မှု သေဆုံးသူ နှစ်ဆမြင့်တက်

Thursday, 07 December 2017 13:36 font size decrease font size decrease font size increase font size increase font size

ဂျကာတာ ဒီဇင်ဘာ ၆

အင်ဒိုနီးရှားနိုင်ငံ ဂျာဗားကျွန်းသို့ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်သည် ၄၁ ဦးရှိလာပြီဖြစ်ပြီး ကနဦးသေဆုံးမှုနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် မြင့်တက်လာကြောင်း သဘာဝ ဘေးအန္တရာယ် အေဂျင်စီက ဒီဇင်ဘာ ၆ ရက်တွင်ပြောသည်။ ထို့ပြင်မုန်တိုင်းတိုက်ခတ်မှု ၏ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် ဖြစ်ပေါ်သော ရေကြီးမှုများနှင့် မြေပြိုမှုများကြောင့် ဒေသခံ ၃ဝဝဝဝ နီးပါးမှာ ဘေးလွတ်ရာသို့ေ ရွှ့ပြောင်းရကြောင်း သိရသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း စမ်ပါကာ တိုက်ခတ်မှုကြောင့် သေဆုံးသူများအနက် ၂၅ ဦးမှာ အရှေ့ဂျာဗားပြည်နယ်၌ ဖြစ်ပွားသော မြေပြိုမှုတစ်ခုတည်းတွင် သေဆုံးခြင်းဖြစ်ကြောင်း အေဂျင်စီ ထုတ်ြ ပန်ချက်အရ သိရသည်။ အိမ်ခြေ ၅ဝဝဝ ကျော် ထိခိုက်ပျက်စီးပြီး ၃ဝဝဝဝ ကျော်မှာ ရေလွှမ်းမိုးမှုခံရကြောင်း သဘာဝ ဘေးအန္တရာယ် အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဆူတိုပိုပါဝိုနျူဂရိုဟိုက ပြောသည်။ ဂျာဗားပြည်နယ်၏ အိမ်နီးချင်းဖြ စ်သော ဘာလီကျွန်းရှိ အဂန်းမီး တောင်မှ ပြာမှုန့်များ မှုတ်ထုတ်ပြီး ပေါက်ကွဲမည့် အလားအလာကြောင့် ဒေသခံ ထောင်ပေါင်းများစွာမှာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေရစဉ် အဆိုပါ မုန်တိုင်းက ဝင်ရောက် တိုက်ခတ်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် မုန်တိုင်းသည် အင်ဒိုနီးရှားနိုင်ငံအတွင်း မရှိတော့သော်လည်း ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများ ဆက်လက် ဖြစ်ပွားနိုင်ကြောင်း နျူဂရိုဟိုက သတိပေးထားသည်။

Read 7 times Last modified on Thursday, 07 December 2017 13:43