SJ WorldNews - шаблон joomla Авто

ရုရှားက ကိုယ်ပျောက် တိုက်လေယာဉ် SU-57 ကို အင်ဂျင်အသစ်ဖြင့် အောင်မြင်စွာ စမ်းသပ်ပျံသန်း

Thursday, 07 December 2017 13:28 font size decrease font size decrease font size increase font size increase font size

မော်စကို ဒီဇင်ဘာ ၆

ရုရှား၏ ပဉ္စမမျိုးဆက် ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်သော SU-57 ကိုမျိုးဆက်သစ် အဆင့်မြင့် အင်ဂျင် တပ်ဆင်၍ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ကြောင်း Tass သတင်းဌာန ကဒီဇင်ဘာ ၆ ရက်တွင်ဖော်ပြထားသည်။ ၁၇ မိနစ်ကြာမြင့်သည့် အဆိုပါ စမ်းသပ်ပျံသန်းမှုကို ဒီဇင်ဘာ ၅ ရက်တွင် မော်စကိုမြို့မှ အရှေ့တောင်ဘက် ကီလိုမီတာ ၄ဝ အကွာ ဇူကော့စကီဒေသရှိ ဂရိုမော့လေကြောင်း သုတေသနအဖွဲ့မှ လုပ်ေ ဆာင်ခြင်းဖြစ်သည်။ အဆိုပါ မျိုးဆက်သစ်လေယာဉ်တွင် တပ်ဆင်ထားသည့် အင်ဂျင်အမျိုးအစားအသစ်သည် ပေါက်ကွဲမှုအားကောင်းပြီး လောင်စာအသုံးပြုမှုကို ချွေတာကာ အလေးချိန်နှင့် ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်ချက် များကို လျှော့ချထားနိုင်ကြောင်း လန်ဒန်အခြေစိုက် လေကြောင်း စက်မှုနည်းပညာ ဝက်ဆိုက်တစ်ခုက အမည်မဖော်လိုသူ ရုရှားအစိုးရ တာဝန်ရှိသူ တစ်ဦး၏ ပြောဆိုချက်ကို ကိုးကား၍ ဖော်ပြထားသည်။ SU-57 လေယာဉ်များကို ၂ဝ၁၈ ခုနှစ်တွင် အများအပြား ထုတ်လုပ်သွားရန် စီစဉ်ထားသည့်အတွက် ဒုတိယအဆင့် အင်ဂျင်များကို ယခုနှစ်အတွင်း အပြီးသတ် ထုတ်လုပ်သွားမည်ဖြစ် သည်။ယခုကဲ့သို့ အင်ဂျင်အသစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်မှုသည် ပဉ္စမ မျိုးဆက် တိုက်လေယာဉ် စီမံ ကိန်းအတွက် ခွန်အားတစ်ခုဖြစ်စေသည့်အပြင် ရုရှား၏ လေယာဉ်စက်မှုလုပ်ငန်း အတွက်လည်း တိုးတက်မှု ဖြစ်ကြောင်း ရုရှားကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဒန်းနစ်မန်တူရော့ကပြောသည်။ အဆိုပါ SU-57 သည် ထိုင်ခုံတစ်လုံးတပ် အင်ဂျင်နှစ်လုံးပါ တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး စစ်ကစားမှုကို အစွမ်းကုန် လုပ်ဆောင်နိုင်မည်ဖြစ်သည့်အပြင် အသံထက်မြန်သော ပျံသန်းမှုနှုန်းကိုလည်း ထိန်းသိမ်းထားနိုင်မည် ဖြစ်ကြောင်း သိရသည်။

Read 10 times Last modified on Thursday, 07 December 2017 13:36